Part-17(Unicode/Zawgyi)

1.1K 38 3
                                    

Unicode

အွန်း.....

နောက်မှလက်တစ်စုံဟာဓာလီပါးစပ်အားဖုံးအုပ်လာ၏။ဓာလီအလန့်တကြားဖြင့် ရုန်းမိရုန်းရာရုန်းလေတော့သည်။ရုတ်တရက်ဆိုသော နှလုံးရပ်မတတ်ဖြစ်သွားရသည်။

"ကိုကို....."

အသံကြားတော့ဓာလီနောက်မှလူအား တွန်းဖယ်နေမိ၏။ဓာလီရုန်းတော့နောက်မှသိုင်းဖက်ထားသောလက်တွေနဲ့ ပါးစပ်ပေါ်ရှိလက်မှာမူတင်းတင်းကျပ်ကျပ်ချုပ်နှောင်လာ၏။

" ကိုကို...ဘာလို့အဲ့လောက်ကြာနေတာလဲ...ဒီမှာဇူးစောင့်နေတယ်လေ "

ဓာလီတံတောင်ဖြင့် ထိုလူ့ဝမ်းဗိုက်ကိုထိုးလိုက်တော့ အနည်းငယ်တွန့်ဆုပ်သွားသည်။ဓာလီထွက်ပြေးမည်ဟုကြံကာမှ နောက်မှရှိနေသောသူသည်ဓာလီမျက်နှာချင်းဆိုင်ဖြစ်လာ၏။ဓာလီကိုမျက်လုံးစူးစူးဝါးဝါးစိုက်ကြည့်လာကာ ဒေါသမျက်ဝန်းတွေနဲ့ကြည့်လာ၏။ဓာလီဆက်ရုန်းတော့ ကျစ်တစ်ချက်သပ်ကာ ဓာလီပါးစပ်ပေါ်ရှိလက်တွေအားဖယ်ပေးလာကာ

" ဖယ်ပါ...ကျွန်တော့်လက်ကိုလွတ်ပေးပါ..."

ဓာလီအတင်းရုန်း၍ ခပ်တိုးတိုးပြောလိုက်တော့ ချက်ချင်းပင် အလိုမကျမှုဖြင့်ပြုမှုလာတော့သည်။ဓာလီလက်ပေါ်ရှိစာအုပ်ကို ကြည့်လာတော့ချက်ချင်းပင်ဓာလီကျောနောက်ဘက်ရှိရာတို့ပို့လိုက်ရသည်။

" ကိုကို့..."

အသံမှာနီးကပ်လာသည်ဟုထင်ရသောကြောင့် သူ့ခြေထောက်ပေါ်တတ်နှင်းပီးပြေးလေတော့သည်။ဘာကြောင့်လဲမသိ ဒီအရာကိုဓာလီမုန်းသည် ၊ထွက်ပြေးဖို့ရန်ကြိုးစားတိုင်းသူ့ဆီမှာဘဲချုပ်နှောင်ခံနေရသည်။သူ့မာပိုင်ရှင်ရှိနေတာကို ဓာလီကိုဘာကြောင့်ချုပ်နှောင်ထားချင်နေရတာလဲ။

" သခင်လေးကျွန်တော့်ကိုလွတ်ပါ...သခင်လေးရဲ့မိန်းကလေး တွေ့ရင်မြင်မကောင်းပါဘူး "

ဓာလီကို မလိုစိတ်တွေဖြင့်ကြည့်လာ၏။ပြီးနှောက်သူ့အပြုအမှုကဓာလီကိုတော်တော်ပင်ထိတ်လန့်သွားစေတော့သည်။ဤနေရာတွင်တော့မဖြစ်လုံးဝမဖြစ်နိုင် ဘယ်လိုစိတ်တွေနဲ့ဒီလိုပြုမှုရတာလဲနားမလည် ကိုယ့်အမေအိပ်ခန်းထဲတွင်...

SarYar(​ဆြာ)Where stories live. Discover now