Part-3(Unicode/Zawgyi)

1.7K 67 1
                                    

Unicode

" သခင်လေး "

ထိုသခင်လေးဟုဆိုသောသူ ဝင်လာသည်နှင့် အခန်းထဲရှိလူအားလုံးတို့သည် ခေါင်းကိုအောက်ဆုံးထိညွှန့်ကိုင်းထားကြသည်။ကိုယ်လေးတစ်စက်မှပင် မရွေ့ကြ။မည်သည်လောက်အာဏာပါဝါကြီးမားသူမို့လို့ ကိုယ်လေးပင် မလှုပ်ရပ်ကြတာလဲ။

" အားလုံးလုံးအပြင် ထွက်သွားကြ... "

အားလုံးအပြင်ထွက်သွားကြဟူသော စကားတစ်ခွန်းသည်ဟာ တစ်ချက်လွတ်အာဏာအသံကဲ့သို့ပင်။ထို့သို့ ဆိုလိုက်သည်နှင့် အခန်းတွင်းမှ လူအားလုံးသည်လဲ ထ ရုံတစ်မယ် ကိုယ်ညွှန့်ခေါင်းငုံလျှပ် အခန်းတွင်းမှထွက်သွားကြ၏။

" ဓာဓာ...ဘယ်လိုနေသေးလဲ သက်သာရဲ့လား ခေါင်းထိသွားတာနာသေးလား...အစ်ကိုတော်ကြည့်ရအောင်..."

ထိုလူသည် ဓာလီခေါင်းပေါ်တို့ လက်လေးဖွဖွလေးတင်ကာ ကိုင်ကြည့်လာ၏။ဓာလီသည်မိမိခေါင်းကို အခြားလူကိုင်သည်ကိုမကြိုက်သောကြောင့် ထိုလူလက်အား ဖယ်ရှားလိုက်၏။ပြီးတော့ တစ်ခြားသူမခေါ်ဆိုသောအမည်နာမကို ခေါ်ဆိုသည်ကိုလဲမနှစ်မျို့။

" ကျွန်တော်ဘယ်ကိုရောက်နေတာလဲ...ပြီးတော့ခင်ဗျာတို့ကလဲဘယ်သူလဲ.....ဖြစ်နိုင်ရင်ကျွန်တော့ကိုဆေးရုံသာမြန်မြန်ပို့ပေးကြ မြင်းလှည်းဆရာရဲ့သတင်းဘာမှမကြားရသေးဘူးစိတ်ပူလို့ပါ ပို့ပေးကြပါ။ "

ဓာလီထိုလူ့လက်အားရဲတင်းစွာကိုင်လိုက်၍ အကူညီတောင်းလိုက်၏။ထိုလူနောက်မှလိုက်ပါလာသောလူထိ ဓာလီအားမျက်စံပြူး၍ကြည့်လာ၏။ ဓာလီသတိရလာကတည်း လူတိုင်းသည် ဓာလီအားထူးဆန်းသောသတ္တဝါမျိုးကြည့်နေကြသည်။ဘယ်နေရာများထူးဆန်းနေလို့လဲ။

" ဓာဓာ...ခေါင်းတော်တော်မျှထိခိုက်သွားသည်ထင်...မည်သည့်အကြောင်းအရာမှမမှတ်မိနိုင်ခြေထိ....သမားတော်ချက်ချင်းသွားပင့်လိုက် "

ထိုလူ့နံဘေးမှလူအား အမိန့်ပေးသောအသံဖြစ်ပြောဆိုလာ၏။ထိုလူသည်ချက်ချင်းပင် အပြင်ထွက်ဖို့ပြင်လိုက်သော ဓာလီမှာချက်ချင်းပင် တားဆိုလိုက်ရ၏။

" မလိုပါဘူး ဆရာဝန်မခေါ်လည်းရပါတယ်...ကျွန်တော့်... ကျွန်တော့်ကိုသာမြင်းလှည်းဆရာရှိတဲ့နေရာဆီလိုက်ပို့ပေးပါ..."

SarYar(​ဆြာ)Where stories live. Discover now