Unicodeနာကျင်လွန်းသည်။ အသိစိတ်က တားစီးနေပေမယ့် မသိစိတ်ကနေငိုကြွေးနေမိပြန်သည်။ ရင်ဘက်တစ်ခုလုံး ဗြောင်းဆန်သွားအောင် ထိုစကားတစ်ခွန်းက လုပ်ဆောင်သွားလေသည်။
ဓာလီနဲ့ဘာဆိုင်လို့ ဓာလီက ငိုနေရမှာလဲ။ ငါနဲ့လဲဘာမှမပတ်သတ်ဘဲနဲ့ အကြောင်းမဲ့သတ်သတ် စီးကျနေသော ရည်ကြည်များကို ကမန်းကတန်းလိုက်သုတ်နေမိသည်။
ဓာလီ စိတ်များထွေလွင့်နေချိန်၊ တစ်စုံတစ်ခုမှဓာလီ လက်အားဖမ်းဆုပ်လာသည်။အေးစက်နေသော ဓာလီလက်များ နွေးထွေးသွားခဲ့လေ၏။ဒီလိုချိန်မှာ အတောင့်တဆုံးအရာက နွေးထွေးမှုလက်တစ်စုံပါ။ ဘယ်သူဘဲကမ်းလာပါစေ လက်ခံနိုင်မိ အခြေအနေမျိုးပင်။
"ကလေး"
ဖမ်းစုပ်လာသောလက်တစ်စုံနဲ့အတူ ကလေးဟုခေါ်သံကြောင့် ဓာလီချက်ချင်းပင်မတုံ့မဆိုင်းလှည့်ကြည့်လိုက်သည်။ တကယ်ကိုပင် ဓာလီမျှော်လင့်နေသူ ဓာလီထံတည့်တည့်မတ်မတ်ကိုရောက်ရှိလာခြင်းဖြစ်သည်။
"ဒေါ်လေး"
အရင်တစ်ခေါက်က တွေ့ပြီးကတည်းက ဓာလီဆက်တိုက်တွေ့ချင်နေခဲ့တာဖြစ်သည်။ ဒီလိုအချိန် ဒီလိုနေရာမှာရုတ်တရပ်ပေါ်လာတော့ ဓာလီအံ့ဩခဲ့ရပြန်သည်။
"သားလေး... ကြီးမေနဲ့လိုက်ခဲ့"
ဓာလီလဲ တုန့်ဆိုင်းမနေတော့ဘဲ လက်ဆွဲခေါ်ရာနောက်ပါလာခဲ့တော့သည်။ ကြီးမေတဲ့လား ဒါဆိုသူကဓာလီအမေ မဟုတ်ဘူးပေါ့။ သေချာပေါက် ဓာတ်ပုံထဲမှာ...
"ဒါဆို ဒေါ်လေးက အမေ့အမေတာ်လား"
ထိုအခါမှ လျှောက်နေသောခြေလမ်းများကိုရပ်ကာ ဓာလီထံလှည့်လာ၏။ ဓာလီမျက်လုံးများ တစ်ကိုလုံးအားချုံကြည့်ကာ မျက်ရည်များအလိုလိုစီးကျလာနေသည်။ ဓာလီလက်များကိုတင်းကျပ်စွာစုပ်ကိုင်ထားပြီး အဆက်မပျက်ငိုနေတော့သည်။
"ကြီးမေ... ကြီးမေ တောင်းပန်ပါတယ်ကလေးရယ် ကြီးမေလေ သားလေးကိုမကာကွယ်ပေးနိုင်ခဲ့ဘူး ကြီးမေတစ်လျှောက် ဒီအပြစ်တင်စိတ်နဲ့ဘဲရှင်သန်နေခဲ့ရတာ"
YOU ARE READING
SarYar(ဆြာ)
Fantasíawarning 18+အခန်းများပါဝင်မှာမို့ ဖတ်ခြင်းမဖတ်ခြင်းကစာဖတ်သူတွေရဲ့ရွေးချယ်မှုပါ။ Genre: Bl/fantasy ⛔ဤဝတ္ထု ဤဇာတ်လမ်းသည် အပြင်လက်တွေ့လောကနှင့် မည်သည့်မည်ပုံမျှဆက်သွယ်ခြင်းမရှိပါ။လက်တွေ့ဘဝနှင့် ဘယ်နည်းနဲ့မှ နှိုင်းယှဉ်ခြင်းမပြုလုပ်ကြပါနှင့်။လေးစားသမှုဖ...