Part-5(Unicode/Zawgyi)

1.4K 61 5
                                    

Unicode

မျိုးမြတ်သည်ဓာလီအားပွေ့ချီ၍ စံအိမ်ထဲသို့ဝင်လာခဲ့၏။စံအိမ်အတွင်းသို့ရောက်သော် 'ခုနလူဘဲ ဘာလို့ဒီထဲမှာရှိနေရတာလဲ'။ထိုလူသည် ထိုင်ခုံပေါ်တွင်လက်ပိုက်ကာ ခြေတစ်ဖက်ပေါ်တွင်အခြားတစ်ဖက်အားခြေချိတ်၍ထိုင်နေလေသည်။သူ့ကိုယ်သူဘုရင်တစ်ပါးလိုအောက်မေ့နေလားမသိ။

မျိုးမြတ်သည် ဓာလီကိုပွေ့ချီထားရာမှ ထိုင်ခုံပေါ်တွင်ထိုင်နေသောသူအားမြင်ပီးသော် ခြေလမ်းများရပ်သွားလေသည်။

" ​စိုးစက်......."

အလန်တကြားဖြစ်သွားလေ၏။နောက်တစ်ပတ်မှပြန်ရောက်မယ့်သူက ဘယ်လိုဖြစ်လို့ထိုင်ခုံပေါ်ရောက်နေရသနည်း။စိုးစက်​ြဆာမောင် ဆိုတဲ့လူကတော့ အားလုံးကိုအမြဲစပရိုက် မတိုက်ရရင်မနေနိုင်တဲ့အမျိုးဘဲ။

" ဘယ်လိုလုပ်လို့ပြန်ရောက်နေသတုန်း နောက်တစ်ပတ်မှပြန်ရောက်မယ်မလား ခုက....."

မျိုးမြတ်မေးသည်ကို ဆြာမဖြေ။ဆြာ၏အကြည့်များသည် မျိုးမြတ်လက်ထဲပွေ့ထားသော ဓာလီပေါ်တွင်သာရောက်နေလေ၏။မျက်ခုံးနှစ်ဖက်သည်အနည်းငယ်မျှစုထားကာ စူးရှသောအကြည့်များဖြစ်ဓာလီထံ စိုက်ကြည့်နေ၏။

မျိုးမြတ်သည် ဓာလီအားထိုင်ခုံပေါ်တွင်ချ၍ထိုင်စေလိုက်သည်။ထိုသည်ကိုအလိုမကျသူတစ်ယောက်ရှိနေလေ၏။ဓာလီအားထိုင်ခုံပေါ်တွင်ထိုင်စေပီးနောက် မျိုးမြတ်သည်လည်းနံဘေးရှိထိုင်ခုံတွင်ဝင်ထိုင်လိုက်သည်။

" ​စိုးစက်... အကိုမေးနေတာကြားလား...ဘယ်လိုဖြစ်လို့ဒီထက်စောပြန်လာရတာလဲလို့..."

​ဆြာ မေးနေသည်ကိုမဖြေဘဲ ဓာလီအားဆက်၍စိုက်ကြည့်နေလေသည်။ဓာလီမှာတော့ နေရခက်လိုက်တာ ကိုယ့်ကိုစိုက်ကြည့်နေတာသိတော့ ချက်ချင်းပင်မျက်နှာလွဲလိုက်၏။ဒီလူဘာဖြစ်ချင်နေတာလဲ ဝင်လာကတည်းဓာလီအားစိုက်ကြည့်နေတာ မျက်တောင်တစ်ချက်မခက်။

မျိုးမြတ်မေးနေသည်ကိုမဖြေသေးဘဲ ပါးစပ်ပိတ်နေ,နေလေ၏။မျိုးမြတ်စိတ်တိုလာ၍

" ​စိုးစက်......"

မျိုးမြတ်အသံမာသွားရာမှ ဓာလီထံမှအကြည့်လွဲကာ မျိုးမြတ်ထံအကြည့်ရောက်လာ၏။မျိုးမြတ် 'ဘာလို့ပြန်တာလဲ' ဟုထပ်မေးလိုက်တော့ဖြေလာသည်မှာ..........

SarYar(​ဆြာ)Where stories live. Discover now