Part-19(Unicode/Zawgyi)

1K 43 4
                                    

Unicode

" သားဓာလီ..."

ထိုအမျိုးသမီးသည်ဓာလီလက်မောင်းရင်းနှစ်ဖက်ကိုတင်းကြပ်စွာစုပ်ကိုင်ထားကာတစ်ခုခုအားစိုးရိမ်ပူပန်နေဟန်ဖြစ်နေသည့်ပုံပင်။

" ဒေါ်ဒေါ်...ဒေါ်​လေးက ...သခင်မရဲ့ဓာတ်ပုံထဲကအမျိုးသမီးမဟုတ်လား "

ဓာလီထိုသို့ပြောလာတော့မှ လက်မောင်းနှစ်ဖက်အားကိုင်ထားသောလက်များဖယ်ပေးလာတော့သည်။ထိုအမျိုးသမီးသည် ဓာလီအကြည့်များအားရှောင်ဖယ်နေလေ၏။ဘာမှမပြောဘဲထွက်သွားရန်ပြင်တော့သည်။ ထိုအခါမှဓာလီ ထိုအမျိုးသမီးမထွက်သွားရန်တားဆီးတော့သည်။

" ခဏ...ခဏနေပါအုံးဒေါ်ဒေါ်...ဒေါ်ဒေါ်ကသခင်မကြီးရဲ့ဓာတ်ပုံထဲပါတဲ့အမျိုးသမီးမှတ်လား..."

ဓာလီ ထိုအမျိုးသမီးလက်အားဆွဲကိုင်လိုက်တော့မှရပ်သွားသည်။ရိုင်းတဲ့အပြုအမှုဟုတ်ပေမယ့် ဒီလိုမှမတားရင်သိခွင့်ရတော့မည်မဟုတ်။

" ဘာ..ဘာတွေပြောနေတာ...တို့မသိဘူး...လက်တွေလွတ်ပါ လူကြီးတစ်ယောက်အဖြစ်ရို​သင့်ပါတယ်လူလေး...လူ​လေးပြောတာတကယ်မသိပါဘူး "

မဖြစ်နိုင်ဘူး။ခနကတောင်ဓာလီနာမည်ခေါ်နေသေးတာဘဲ။ဘာကြောင့်လိမ်နေရတာလဲ၊ဘာအကြောင်းရှိလို့လဲ၊တော်တော်ရှုပ်ထွေးသည်ဟု၍​တော့ထင်သည်။

" မသိဘူးဆို...ကျွန်တော့်နာမည်ကိုဘာ​ကြောင့်ခေါ်ရတာလဲ..ဒေါ်ဒေါ်နဲ့လဲတစ်ခါမှမတွေ့ဖူးဘဲနဲ့ဘာကြောင့်ကျွန်တော့်နာမည်ကိုသိနေရတာလဲ "

" အဒေါ်ပြောပြီလေမသိပါဘူးဆို...အဒေါ့်ကိုပြဿနာမတတ်ခိုင်းပါနဲ့တော့ "

" ဘာကြောင့်ပြဿနာတတ်တယ်လို့ဆိုရတာလဲ...ကျွန်တော်လဲဘာမှမလုပ်ရသေးဘဲ ပြဿနာတတ်နိုင်ရတာလဲ "

" မင်းဒီထက်ပိုပီးမသိချင်တာပိုကောင်းလိမ့်မယ်..."

ပြောပြီးထွက်သွားရန်ပြင်နေတော့ ဓာလီမနေနိုင်တော့သည့်အဆုံးမေးလိုက်ရတော့သည်။

" တကယ်ဘဲဒေါ်ဒေါ်က ကျွန်တော့်အမေလား "

ပြောလိုက်တော့၊ သွားနေသည့်ခြေလှမ်းများမှာရပ်တန့်သွားလေ၏။ထိုနေရာတွင်သာရပ်နေလေသည်။ ဓာလီဘက်လဲလှည့်မလာ။

SarYar(​ဆြာ)Where stories live. Discover now