Unicode
မနက်မိုးလင်းခါနီး ဓာလီအိပ်ယာစောစောထဖြစ်သည်။ခါတိုင်းဆိုညည့်နက်ထိအလုပ်တွေလုပ်ပင်ပန်းတော့ မနက်ကျစောစောမထနိုင်။ယခုကတော့သူများအိမ်မှာနေရတော့ မထချင်လဲထနေရသည်။ပိုဆိုးတာကမနေ့က ထိုလူရစ်နေသောကြောင့်တော်တော်ဖြစ်အိပ်မရ။မူးမူးရူးရူးနဲ့လူကို ရစ်နေလိုက်တာမပြီးတော့ဘူး။မနည်းတွန်းဖယ်ပြီး သူ့အိပ်ယာထိခေါ်သွားရသည်။ဒါတောင်ဓာလီကို တော်တော်ဖြစ်လွတ်မပေး အတင်းမရကရုန်းလိုက်ရသည်။လူကသာမူးရူးနေတာ အလျှော့မပေးချင်တဲ့စိတ်ကတစ်စက်မှမလျှော့။
အောက်ထပ်သို့ဆင်းလာခဲ့လိုက်တော့ အိမ်ရှင်မှအပ အစေခံအားလုံးတို့သည်သူ့အလုပ်ကိုယ်စီနဲ့သူရှိနေနှင့်ကြပြီ။အံ့ဩစရာဘဲနေတောင်မထွက်သေး အလုပ်လုပ်ပီးနေကြပြီ။ဒီလောက်ထိတော့လုပ်စရာမလိုပါဘူး နေတောင်မထွက်သေး နေထွက်ပြီးတော့အလုပ်တွေပြီးစီးသွားဆိုတော့တစ်မျိုးခုက လွန်ကိုလွန်,လွန်းပါတယ်။အစေခံလဲလူဘဲသူ့တို့လဲသူတို့လွတ်လပ်ချိန်တော့ရှိသင့်ရမှာပေါ့။
" ဒေါ်ဒေါ် ဘာလုပ်ကူရမလဲ "
" ဘာမှမလုပ်ပါနဲ့ရှင်...အကုန်လုံးပြီးပါပြီနော် ဓာလီလေးသွားနားလိုက်ပါ "
" ဘာလို့ဒီလောက်အစောကြီး အကုန်ပြီးစီးနေရတာလဲ ပျှမ်းမျချိန်ဆို ၄ခွဲ၅နာရီလောက်ဘဲရှိအုံးမှာကို အကုန်လုံးပြီးသွားပြီတဲ့ ဒေါ်ဒေါ်တို့ဘယ်နှစ်နာရီထရတာလဲ "
" ဒီတိုင်း ၂နာရီလောက်ပေါ့ "
" ၂နာရီ..... "
ဓာလီလက်နှစ်ချောင်းထောင်ကာ မျက်ဆံပြူးကြည့်လိုက်တော့ ဒေါ်လေးမှာဘာမှမဖြစ်သလိုပြုံး၍သာခေါင်းငြိမ့်ပြနေတော့သည်။
" ဒါကတော့လွန်တာပေါ့ဒေါ်ဒေါ်ရ ခါတိုင်းဆိုကျွန်တော်အိပ်တောင်မအိပ်ရသေးဘူး...အဒေါ်တို့ကမအိပ်ကြတာတော့မဟုတ်ပါဘူးနော်..."
ထိုအခါတွင်ဒေါ်လေးဖြစ်သူကပြုံးနေရာမှာ သွားများပေါ်သည်ထိရယ်တော့သည်။ဓာလီမှာနားမလည်သောအကြည့်ဖြစ် ကြည့်နေမိတော့သည်။
" မအိပ်ဘဲနဲ့နေ့တိုင်းဒီလိုလုပ်ရင် ဒေါ်ဒေါ်ခုချိန်ထိဒီလိုတတ်တတ်ကြွကြွဘယ်လုပ်နိုင်ပါ့မလဲကွယ် အိပ်တာပေါ့ ည၈နာရီအစေခံအားလုံးအိပ်ယာဝင်ကြပြီကွယ့် "

YOU ARE READING
SarYar(ဆြာ)
Fantasywarning 18+အခန်းများပါဝင်မှာမို့ ဖတ်ခြင်းမဖတ်ခြင်းကစာဖတ်သူတွေရဲ့ရွေးချယ်မှုပါ။ Genre: Bl/fantasy ⛔ဤဝတ္ထု ဤဇာတ်လမ်းသည် အပြင်လက်တွေ့လောကနှင့် မည်သည့်မည်ပုံမျှဆက်သွယ်ခြင်းမရှိပါ။လက်တွေ့ဘဝနှင့် ဘယ်နည်းနဲ့မှ နှိုင်းယှဉ်ခြင်းမပြုလုပ်ကြပါနှင့်။လေးစားသမှုဖ...