Part-4(Unicode/Zawgyi)

1.6K 62 0
                                    

Unicode

" ဒုဓာလီနှောင် မင်းကတော်တော်အဆိပ်ပြင်းတဲ့သူဘဲ...ဘာဆေးတွေများစားထားလို့ဒီလောက်တောင်အဆိပ်ပြင်းနေရတာလဲ....ဒီလောက်တောင်ငါ့သားကိုတမ်းတမ်းစွဲဖြစ်နေရတာလား...မရှက်ဘူးလား..နင်...."

ထိုအမျိုးသမီးသည် ဓာလီလက်မောင်းအားကျစ်​ေနအောင်ဖျစ်ညစ်ထား၍ ဆိုလာ၏။ထိုအမျိုးသမီး ဘာတွေပြောနေတာလဲဆိုတာ ဓာလီဖြစ်တစ်လုံးတစ်လေမှနားမလည်။ဓာလီလက်မောင်း​​ပေါ်တွင် ထိုအမျိုးသမီးရဲ့လက်များဟာ ကျစ်ကျစ်ပါအောင်ညစ်ထား၍ လှုပ်ခါစေသည်။

သူကဘယ်သူလဲ ဘာလို့ငါ့ကိုအဲ့လိုစကားတွေပြောနေရတာလဲ ဘာတစ်ခုမှကိုနားမလည်တော့ဘူးဘာတွေဘယ်လိုဖြစ်သွားရတာလဲ ဘာတွေများလုပ်မိလို့ဘုရားသခင်ဒီလောက်တောင်အပြစ်ခက်ရတာလဲ......

" ငါပြောတာကိုနားမလည်တာလား....ငါ့သားကမိန်းမဘဲယူမှာ...နင်လိုယောကျာ်းမျိုးမဟုတ်ဘူး...မျိုးဆက်ပွားပြီးဒီစံအိမ်ကိုအမွေဆက်ခံရအုံးမှာ....."

ဓာလီ၏နား,နားတို့ကပ်ကာ တိုးညင်းစွာပြောလိုက်သည်။

" ငါဒီလောက်နှိပ်စက်ထားတာတောင် မသေနိုင်သေးဘူးလား......"

ဓာလီမျက်လုံးများပြူးကျယ်သွားရတော့သည်။ဟုတ်တယ်...အိပ်မက်ထဲမာ အဲ့ကောင်လေးကိုမသေရုံတမယ် နှိပ်စက်နေတဲ့အမျိုးသမီး ဘာတွေဘယ်လိုကြောင့်နှိပ်စက်နေလဲတော့ ဓာလီမသိ ဒါမဲ့ ထိုကောင်လေးအကြိမ်ကြိမ်တောင်းပန်နေ၍ အပြစ်ကင်းစင်နေမည်လို့ ဓာလီတော့ယုံကြည်နေတယ်။ထိုကောင်းလေး၏ဘဝအကြောင်းကို စိတ်ဝင်စားသွားသည်။

" ငါလုပ်တာ မလောက်သေးလို့လား... ဒီထပ်ပိုဆိုးအောင်လုပ်ပေးရမလား.... "

" ဒီမှာခင်ဗျာဘာတွေပြောနေလဲဆိုတာ ကျွန်တော်တစ်ခုမှနားမလည်ဘူး...ဘာကြောင့်မလို့ ဒီလိုတွေပြောနေရတာလဲ....."

ဓာလီမနေနိုင်တော့အဆုံးဝင်ပြောလိုက်၏။ထိုအမျိုးသမီးရဲ့ အပြောရတော့ ကောင်းလေးအားတော်တော်လေးနှိပ်ဆက်ထားသလိုပင်။ဓာလီထိုသို့ပြောလိုက်တော့ ထိုအမျိုးသမီးမှာ မျက်ခုံးများတွန့်သွား၍ ဓာလီအားဒေါသမျက်လုံးဖြစ်စိုက်ကြည့်လာ၏။

SarYar(​ဆြာ)Where stories live. Discover now