Part-18(Unicode/Zawgyi)

951 45 8
                                    

Unicode

" သခင်လေး ကားအဆင်သင့်ဖြစ်ပါပြီ..."

မနက်စောစောအပြင်ထွက်ဖို့ပြင်နေသော စိုးစက်မှာတစ်မနက်လုံးစိတ်မကြည်လင်မှုတွေများစွာဖြင့်။မနက်ကတည်းက စိတ်ညစ်စရာမှာတစ်ခုပြီးတစ်ခုဖြစ်နေတော့သည်။ဖခင်ရဲ့ဆူပူတာကိုလဲမနက်စောစောအဝစားခဲ့ရတယ်။အဘိုးကလဲအလုပ်တွေဇွတ်ပေးနေပြီ ပြီးတော့ခုကိုယ်သဘောမတူတာတွေဇွတ်လုပ်ဇွတ်စီစဉ်နေကြတယ်။တကယ်ကိုစိတ်မွန်းကျပ်တယ်။ဘယ်လောက်ဘဲ စီစဉ်ကျစီစဉ်ကျစိုးစက်ကတော့ လုံးဝလက်ခံမည့်သူမဟုတ်။မရမကငြင်းမည့်သူပင်။

" ကိုကိုသွားစို့လေ..."

ကိုကိုနဲ့အပြင်သွားဖို့ရာ မနက်စောစောဆြာစံအိမ်သို့ရောက်နေခြင်းပင်။ဒီနေ့ဖို့တော့ကိုကိုတစ်နေ့တာဟာဇူးအတွက်ပင်။ကိုကိုနဲ့အချိန်ကုန်ဆုံးဖို့တွက်ဖိုးဖိုးနိုင်ကိုမနည်းပင်ပူဆာထားရသည်။ကိုကိုကတော်ရုံဖြစ်မလိုက်တတ်သူသွားချင်တဲ့အချိန်မှသွားတာဖြစ်သည်။ဒါကြောင့်လဲဇူးမှာ ကိုကိုနဲ့အပြင်သွားရဖို့ရေး ကိုကိုရဲ့အဖိုးဒီမြို့ကြီးရဲ့မြို့အုပ်မင်းဖြစ်တဲ့ ဖိုးဖိုးနိုင်ကိုအပူကပ်ရတာဖြစ်သည်။ကိုကိုကသိပ်​ခေါင်းမာတာ အရာအားလုံးသူ့အလိုကျဘဲသူသွားချင်ရင်သွားမယ်မသွားချင်ရင်မသွားဘူးဘဲ။ဒါကြောင့်လဲကိုကို့ကိုစွဲလန်းနေရတာပင်။

စိုးစက်မျက်မှောင်ကျုံ့လိုက်၍ တစ်ခုခုကိုအလိုမကျဟမ်ဖြစ်နေရတော့သည်။စုတ်ချက်တစ်ချက်သပ်ကာ နံဘေးတွင်ရှိနေသော ညီသာစျောန်အားစိုက်ကြည့်လိုက်တော့ သူမှာသဘောပေါက်သွားဟမ်ဖြစ်။

" ဟိုတစ်ယောက်ဘာလို့အဲ့လောက်ကြာနေရတာလဲ...သွားခေါ်စမ်း "

" ဟုတ်သခင်လေး..."

ထိုအချိန်မာပင် မျက်နှာအားအောက်ချကာ စိုးစက်တို့ထံ ခြေလမ်းဖြေးဖြေးခြင်းစီလှမ်း၍လျှောက်လာနေသော ဓာလီမှာအိပ်ကလေးတစ်လုံးအားပိုက်ကာ ဝတ်ထားသောအဝတ်စားသည်လဲအစေခံများဝတ်လေ့ရှိသော အိင်္ကျီလေးဖြင့်ခြေလှမ်းချင်းလျှောက်လာလေ၏။

စိုးစက်မှာသူဝတ်ဆင်ထားသော အဝတ်စားများကိုကြည့်၍အလိုမကျသောမျက်နှာထားဘက်သို့ရောက်သွားရတော့သည်။အပြင်သွားမှာကို အစေခံအိင်္ကျီနဲ့ထွက်လာတယ် သူ့ကိုသူဟုတ်လှပီပေါ့။ဒုဓာလီနှောင်မင်းငါ့ကိုသက်သက်အရှက်ခွဲနေတာဘဲ။

SarYar(​ဆြာ)Where stories live. Discover now