Part-6(Unicode/Zawgyi)

1.5K 52 8
                                    


Unicode

ထမင်းစားခန်းထဲရှိ အသံများမှာငြိမ်သက်နေလေသည်။ဆူညံနေခြင်းမရှိ။အနောက်တွင်တော့ အစေခံများဝန်ရံထားကြလေသည်။

စိုးစက်ထမင်းစားခန်းတို့ဝင်ရောက်လာပီး သခင်ကြီးဘေးတွင်ဝင်ထိုင်လိုက်လေသည်။ထမင်းစားခန်းမှလူအားလုံးရဲ့အကြည့်များဟာ စိုးစက်ဝင်လာကတည်းက စိုးစက်ပေါ်တွင်သာရောက်နေလေခြင်းဖြစ်သည်။အားလုံးရောက်နှင့်နေပီးဖြစ်သော်လည်း နောက်ကျမှရောက်လာသောစိုးစက်မှာမှုပူပန်ခြင်းမျိုးတစ်စက်လေးမှရှိမနေ။အားလုံးမှာထမင်းစားရဖို့အရေးလူစုံဖို့အတွက်စောင့်နေကြရသည်။

" သားစိုး ဘာလို့ဒီလောက်ကြာနေရတာလဲကွယ် ထမင်းစားဖို့ရာ ဒီမှာစောင့်နေကြရတယ်လေ..."

စိုးစက်မှာပြောနေသည်ကိုမကြားဟန်ပုံစံဖြင့် ဇွန်းခရင်းအားကောက်ကိုင်၍ထမင်းစားဖို့ပြင်ဆင်နေတော့သည်။ဇွန်းခရင်းချလိုက်သည့်အသံမှာကျယ်လောင်သောကြောင့် အားလုံးမှာစားလက်စအာငြိမ်သက်သွားလေတော့သည်။အနောက်တွင်ရှိနေသောအစေခံများသည်လဲ ခေါင်းများအားတတ်နိုင်သလောက်ငုံ့သွားကြလေ၏။

" လူကြီးစကားပြောနေတာကို မရိုသေတာလား...မေးရင်ဖြေရမယ်ဆိုတာမသိတာလား..."

သခင်ကြီးလေသံမှာအနည်းငယ်မာနေသောကြောင့် အားလုံးမှာကြောက်လန့်နေကြ၏။လူကြီးမေးရင်ဖြေရမယ်ဆိုတာ စိုးစက်​ဆြာမောင် ဆိုတဲ့လူနားမလည်တာလား။ကြောက်ရွံ့မှုမရှိ ၊ရိုသေမှုမရှိ အချိုးကိုမှတစ်စက်မှမပြေ။

မေးနေသည်ကို မဖြေဘဲဂျစ်ကန်ကန်လုပ်နေသောသားငယ်ဖြစ်သူအားကြည့်၍ နုယဉ်မှာစိတ်ပူပန်လှသည်။မေးနေသည်ကို မဖြေဘဲနေနေသူအား သခင်ကြီးမှာစိတ်တိုလာ၍...

" စိုးစက်​ဆြာမောင်......"

သခင်ကြီး အော်ပြောလာသောကြောင့် အားလုံးကိုယ်တစ်ချက်တွန့်သွားကြသည်။မျက်လုံးကိုပင်ဝေ့မကြည့်ရဲကြတော့ပေ။

" အမိန့်ရှိပါ ကျွန်တော်မျိုးထိုင်နေပါတယ်..."

အရစ်တိုက်တတ်သော စိုးစက်စကားကြောင့် သွေးလန့်သွားရသူမှာ မျိုးမြတ်နှင့်နုယဉ်ပင်။ဒီကလေး ဘယ်လောက်တောင်ရဲတင်းလာရတာလဲ သခင်ကြီးရဲ့အကျင့်နဲ့တော့ ရင်လေးမိတယ်သားငယ်ရယ်။

SarYar(​ဆြာ)Where stories live. Discover now