Unicode
" စိုးစက် မြေးလေး ၊ငါ့မြေးလေးရောက်လာပြီတော် "
အဖိုးဖြစ်သူမှာ စိုးစက်အားမြင်သည်နှင့်အပြေးလေးလာဖတ်လေသည်။စိုးစက်ပြန်ရောက်နေသည်ကို မနေ့ကမှသိရသောကြောင့်အဖိုးမှာအဖေကိုဆူသေးသည်တဲ့။သူ့မြေးလေးပြန်လာတာ ဘူတာထိသွားရောက်ကြိုမှာခုမူက သူ့ကိုပြန်ရောက်နေတာကိုပမပြောပြရကောင်းလားဆိုပြီဆူသေးသည်တဲ့ သူမြေးစိုးစက်ဖြစ်သူကိုဆူဖို့နေနေသာသာမျက်စောင်းတစ်ချက်ပင်မထိုး။
" ကြည့်ရအောင်ငါ့မြေးလေးဘယ်လောက်ထိတောင်ချောလာရတာလဲ.....ကြည့်စမ်းခန့်ချောကြီးဖြစ်လို့ပါလား "
စိုးစက်ကိုယ်ကို တစ်ပတ်လှည့်ကာဘယ်ကြည့်ညာကြည့်ဖြစ် လှည့်ပတ်ကြည့်နေ၏။
" ဟိုမှာ မိန်းမချောလေးတွေငါ့မြေးလေးကိုတမ်းတမ်းစွဲဖြစ်ခဲ့ကြမှာဘဲ ဟုတ်တယ်မလား "
" ဒါပေါ့အဖိုးကလဲ အဖိုးမြေးဘဲကိုအဖိုးခြေရာတော့လိုက်ရမှာပေါ့ "
" ကဲကြည့်စမ်းစကားတွေလဲတတ်လာလိုက်တာများ "
အဖိုးဖြစ်သူမှာ စိုးစက်ခါးကိုသိုင်းဖတ်၍ဧည့်ခန်းသို့ခေါ်လာစေ၏။ထုံးစံတိုင်း ဒီမြို့မှာရှိကြတဲ့အရာရှိတွေထိုင်ခုံအသီးသီးတွင်ထိုင်နေကြသည်။
" သားစိုးစက်..."
စိုးစက်ကိုမြင်တာနဲ့ ပွေ့ဖက်နှုတ်ဆက်လာကြသည်။ပွေ့ဖက်နှုတ်ဆက်မှုမပြုဘဲတစ်ဉီးတည်းထိုင်နေသူမှာ စိုးစက်အဖေ မင်းစိုးဆြာပိုင်ပင်။မိန်းကလေးတစ်ဉီးတစ်ယောက်မှရှိမနေဘဲ ယောက်ျားသားများသာရှိနေခြင်းဖြစ်သည်။
" ငါတို့မြို့အုပ်မင်းမြေးက ချောလာလိုက်တာကြည့်စမ်း "
" ဟုတ်ပါ့နော်....."
မြောက်ပင့်မြောက်စားလူကြီးဘဲဆိုတော့ စိုးစက်နည်းနည်းတော့သဘောမကျ။ငါ့အဖိုးနဲ့ငါ့အဖေမျက်နှာသာမရှိရင် ချဉ်ဖက်လုပ်မဲ့သူတွေကြီးဘဲ။ငါအာဏာကိုကောင်းကောင်းအသုံးချပြရမှာပေါ့။
" နောင်တတ်လာမဲ့မြို့အုပ်မင်းပေါ့.....ဟုတ်တယ်မလားစိုးစက် "

YOU ARE READING
SarYar(ဆြာ)
Fantasiawarning 18+အခန်းများပါဝင်မှာမို့ ဖတ်ခြင်းမဖတ်ခြင်းကစာဖတ်သူတွေရဲ့ရွေးချယ်မှုပါ။ Genre: Bl/fantasy ⛔ဤဝတ္ထု ဤဇာတ်လမ်းသည် အပြင်လက်တွေ့လောကနှင့် မည်သည့်မည်ပုံမျှဆက်သွယ်ခြင်းမရှိပါ။လက်တွေ့ဘဝနှင့် ဘယ်နည်းနဲ့မှ နှိုင်းယှဉ်ခြင်းမပြုလုပ်ကြပါနှင့်။လေးစားသမှုဖ...