4

1.7K 163 30
                                    

ကျောင်းလာကြိုပြီး ပြန်ရောက်ကတည်းက မျက်နှာကြီးတည်တင်းကာဒေါသအကြီးအကျယ်ထွက်နေပုံရတဲ့ ဦးလေး Tong......

သက်ပြင်းတချချနဲ့ တစ်ခုခုကိုစိုးရိမ်တစ်ကြီးဖြစ်နေပုံ‌ရတဲ့ ဒေါ်လေး Prim....

မှုန်ကုတ်ပြီးစကားတစ်ခွန်းမှမဆိုပဲ ဂျစ်တိုက်နေတဲ့ ဒေါသအိုးလေး ကိုကို....

တစ်အိမ်လုံး ရာသီဥတုအခြေအနေမကောင်းတာကြောင့် Fourth မှာတစ်ဆစ်ဆစ်ကိုက်ခဲကာ နီရဲရောင်ရမ်းနေတဲ့လက်ကောက်ဝတ်လေးကိုဘယ်သူမှ မမြင်အောင်ဝှက်ထားရလေသည်......

မတော်တဆ လူကြီးတစ်ယောက်ယောက်များမြင်သွားပြီးမေးမြန်းလာခဲ့ရင် Fourth ဘယ်လိုပြန်ဖြေရမလဲမသိ.....

လူကြီးတွေကိုလည်းမညာချင်သလို အ‌မှန်တိုင်းလည်းမဖြေနိုင်.......
Fourth ကြောင့် ကိုကို ထပ်အဆူခံရမှာကို မလိုချင်ပါ......

"မင်းဖို့အခန်းပြင်ထားတယ် နောက်ကလိုက်ခဲ့"

ဒေါ်လေး Prim ရဲ့အသံက ခပ်ဆတ်ဆတ်ဆိုပေမယ့် အရင်နေ့ကလို Fourth အပေါ်မှာစိမ်းကားမနေတော့တာမို့ ဝမ်းသာစိတ်နဲ့အတူ Fourth ခြေလှမ်းလေးတွေသွက်လက်နေလေသည်......

"လှေကားကို ကောင်းကောင်းတက်လေ
မြောက်စွ မြောက်စွမလုပ်နေနဲ့ချော်ကျမယ်.......
ခြေထောက်လေးကြည့်တော့ လက်နှစ်လုံးလောက်နဲ့"

အပေါ်ထပ် တက်နေရင်းက နောက်လှည့်ပြီး မျက်မှောင်ကျုံ့ကာမာန်မဲလာတဲ့ ဒေါ်လေး Prim ကို Fourth သွားလေးဖြီးကာ ဟီး ခနဲရယ်ပြလိုက်မိတော့သည်.....

လှလှလေးပြုံးပြမှာမို့လို့ Fourth ကိုစိတ်မဆိုးပါနဲ့ဒေါ်လေး......

"ဘာရုပ်မှန်းမသိဘူး......အောက်ကိုသေချာကြည့်တက် ပြုတ်ကျရင်ဆေးကုမပေးဘူး"

ဆံနွယ်နုနုလေးတွေဝဲပျံသွားသည်အထိ ခေါင်းလေးကိုဆက်တိုက်ညိတ်ပြလိုက်တော့ မျက်စောင်းတစ်ချက်ထိုးပြီးရှေ့ပြန်လှည့်သွားတဲ့ ဒေါ်လေးရဲ့ကျောပြင်ကိုကြည့်ပြီး Fourth ခြေလှမ်းကိုသေချာလှမ်းကာ မျက်နှာပိုးသပ်လိုက်သည်.....

ဒေါ်လေးကို ဒေါသထွက်အောင်လုပ်လို့မဖြစ်......
နဂိုကမှစိတ်လက်မကြည်မသာဖြစ်နေပုံရတဲ့အထဲ Fourth ကပါစိတ်အနှောင့်အယှက်ထပ်ပေးလို့မဖြစ်ပေ.....

ချစ်လို့ (Complete)Where stories live. Discover now