လျှောက်လမ်းအတိုင်းခြေတံရှည်တွေအားကိုးနဲ့ အသားကုန်ပြေးချလာတာမို့ သတင်းလာပေးတဲ့ အတန်းဖော်ကောင်မလေးရော ဂီတဆရာကြီးပါ နောက်မှာပြတ်ကျန်ခဲ့ပြီး ဂီတခန်းမရှေ့ကို Gem ဟာဦးစွာရောက်ရှိလာခဲ့လေသည်.....
ရောက်ရောက်ခြင်း မြင်လိုက်ရတဲ့မြင်ကွင်းက Gem ရဲ့သွေးတွေကို အရှိန်ပြင်းပြင်းနဲ့ တဗွမ်းဗွမ်းဆူပွက်စေသည်......
ခန်းမရှေ့ကလမ်းပေါ်မှာကြောင်လေးလိုကွေးကွေးလေးဝပ်နေတဲ့ Fourth ရယ်.....
Fourth ရဲ့ဆံသားတွေကိုလက်တစ်ဖက်ကဆုပ်ကိုင်ထားပြီး တစ်ဖက်ကဆေးလိပ်ကိုလက်ခလယ်နဲ့လက်ညှိုးကြားညှပ်ကာ ဇိမ်ပြေနပြေဖွာရှိုက်နေတဲ့ Mike ရယ်.....
Fourth ရဲ့ကြောက်လန့်တကြား ငိုရှိုက်သံ တအီအီလေးက Gem ရဲ့ဒေါသ မီးတောက်ပေါ်တစ်စက်ချင်းလောင်းချနေတဲ့ လောင်ဆာဆီတွေလိုပင်.......
လျှောက်လမ်းပေါ်ကနေ ခန်းမရှိရာချိုးကွေ့ပြေးဝင်သွားလိုက်ဖို့ကို Gem မစောင့်နိုင်တော့........
"Mike.....!!!!!!"
အားနဲ့ကျုံးအော်လိုက်တော့ ရုတ်တရက်မို့ ကြောင်အသွားကာ မတ်တပ်ရပ်ပြီး Gem ကိုလှည့်ကြည့်လာတဲ့ နီစပ်စပ်မျက်နှာ.......
Gem ချက်ခြင်းပဲ Mike ရှိရာပြေးဝင်သွားလိုက်ပြီး ငေးကြောင်ကြည့်နေတဲ့ Mike ကိုပုခုံးပေါ်ကောက်ထမ်းကာ လမ်းမပေါ်ကိုင်ပေါက်ပစ်ချလိုက်လေတော့သည်........
မထိသင့်တဲ့အရာကို မဆင်မခြင်လာထိပြီးရင် တန်ရာတန်ကြေးတော့ပြန်ပေးရမှာပေါ့.....
မဟုတ်ဘူးလား
"ဘုန်း....."
70 kg ဝန်းကျင်လောက်ကိုယ်အလေးချိန်ရှိတဲ့ အရပ်ခြောက်ပေယောက်ျားသားတစ်ယောက်နဲ့ ကွန်ကရစ်လမ်းရဲ့ အရှိန်ပြင်းပြင်းထိတွေ့သံဟာ တိုးတိုးတိတ်တိတ်တော့ရှိမနေပေ......
ဘေးတစောင်းကျသွားတာမို့ ပုခုံးနဲ့ လက်မောင်းကို တစ်လှည့်စီဖြစ်ညစ်ပြီး လူးလိမ့်နေတဲ့ Mike ဟာလမ်းပေါ်ကချက်ခြင်းပြန်မထနိုင်.......
Gem ဒီသတ္တဝါကို ဒီအတိုင်းပစ်ထားလိုက်ပြီး Fourth စီကိုအပြေးသွားကာ ရှေ့တည့်တည့်မှာဒူးထောက်ထိုင်ချလိုက်တော့သည်.......
YOU ARE READING
ချစ်လို့ (Complete)
Fanfictionဘာကြောင့် ဒီလောက်အနိုင်ယူနေရတာလဲ......တဲ့ ဘယ်လောက်တောင်ရယ်စရာကောင်းလိုက်တဲ့မေးခွန်းလဲ အဖြေကရှင်းရှင်းလေးပဲ Fourth ငါ မင်းကို စောက်ရမ်း မုန်းလို့...... #Gemini Norawit Titicharoenrak ဘာကြောင့် ဒီလောက်သည်းခံနိုင်ရတာလဲ....တဲ့ ဘယ်လောက်တောင် လွယ်ကူရိုးရ...