1

5K 194 26
                                    

"ကဲ ဒါက သား အခုနေရမယ့်အိမ်ပဲ အထဲမှာကိုကိုနဲ့ အန်တီ ရှိတယ် ဦးလေးမိတ်ဆက်ပေးမယ်နော်"

Tong ကားကိုခြံထဲမောင်းကွေ့ဝင်လိုက်ရင်း ဘေးမှာ ငြိမ်ငြိမ်လေးထိုင်နေတဲ့ ကလေးလေးရဲ့ခေါင်းကိုပွတ်ကာ ပြောလိုက်တော့ ကလေးလေးက ခေါင်းလေးတဆတ်ဆတ်ညိတ်ကာ တုန့်ပြန်သည်.......

ကားကို ပါကင်ထိုးပြီး ကလေးကိုလက်ဆွဲကာ အိမ်ထဲခေါ်လာရင်း ဇနီးဖြစ်သူ ကိုဘယ်လိုစကားမျိုးသုံးပြီးစည်းရုံးရမလဲ ဆိုတာစဉ်းစားကာ ရင်တထိတ်ထိတ်ရှိလှသည်....

အိမ်ထဲကိုခြေချလိုက်သည်နှင့်တစ်ပြိုင်နက် ဆိုဖာပေါ်မှာခြေချိတ် လက်ပိုက်ပြီး ထိုင်နေတဲ့ Prim ကနှုတ်ခမ်းကို့ပြတ်ထွက်မတက်ကိုက်ခဲထားရင်း Tong ကို‌ ရော ကလေးကိုပါဒေါသအပြည့်ပါတဲ့မျက်ဝန်းတွေနဲ့ကြည့်လာသည်
ကလေးကလည်း Prim ရဲ့အကြည့်တွေကိုနားလည်တာကြောင့် Tong ရဲ့လက်ညှိုးကို သူလက်သေးသေးလေးတွေနဲ့ အားကိုးတကြီးဆုပ်ကိုင်ထားသည်မှာ တင်းတင်းကြပ်ကြပ်ပင်.....

"Fourth လေး ဒီမှာခဏထိုင်နော်"

Tong ကလေးလေးကို ဆိုဖာနားကိုခေါ်သွားပြီးပြောလိုက်တော့ ကလေးက ခေါင်းလေးတစ်ချက်ညိတ်ပြကာ ဆိုဖာပေါ်မှာ ပုခုံးလေးကျုံ့ပြီးဝင်ထိုင်ရှာသည်.....

"Prim....ကိုယ်"

"ကျွန်မ လက်မခံနိုင်ဘူးလို့ရှင့်ကိုပြောပြီးသွားပြီနော် Tong
မနက်ဖြန်ရှင်အဲ့ကလေးကိုမိဘမဲ့ဂေဟာသွားပို့လိုက် "

တွေ့ တွေ့ ချင်း ဆောက်နဲ့ထွင်းဆိုသလို စကားတောင်မစရသေး ‌ခပ်ပြတ်ပြတ်လေသံနဲ့ ပြောလာတဲ့ ဇနီးကြောင့် Tong သက်ပြင်းချမိသည်

"မင်း သားသမီးချင်းကိုယ်ချင်းစာစိတ်လေးနဲနဲပါးပါးမွေးပါအုံး Prim ရယ်
ဒီကလေးက အခုမှ ခုနှစ်နှစ်ပဲရှိသေးတာ
ကိုယ်တို့သားလေးနဲ့ဆို တစ်နှစ်ကျော်‌တောင်ငယ်သေးတယ်
သူလဲဖြစ်နိုင်ရင် မိဘနဲ့နေချင်ရှာမှာပေါ့ကွာ တခြားအိမ်မှာဘယ်နေချင်ပါ့မလဲ
သူ့နေရာမှာကိုယ်တို့သားလေးသာဆိုမင်းဘယ်လိုနေမလဲ
ကိုယ်ရှိနေရက်နဲ့ Phi Nun ရဲ့သား‌‌ကိုမိဘမဲ့ဂေဟာပို့လိုက်ရတာမျိုး ကိုယ်အဖြစ်မခံနိုင်ဘူး Prim
ဒီကလေးကို ကိုယ် ကတော့မဖြစ်မနေမွေးရလိမ့်မယ်"

ချစ်လို့ (Complete)Where stories live. Discover now