9

3.4K 258 105
                                    

"ငါစိတ်မရှည်တော့ဘူးနော် Fourth Natawat
ဒီတစ်ပုဒ်ထဲကိုရှင်းပြနေတာ ဒါပါနဲ့ဆိုငါးခေါက်ရှိနေပြီ အဲ့ဒါလဲအခုထက်ထိနားမလည်နိုင်သေးဘူး
နဲနဲပါးပါးအာရုံစိုက်စမ်း"

"ဟွန့်"

"ဘာ ဟွန့် လဲ ပြန်ခံမပြောနဲ့
ထိပ်ထုချလိုက်လို့ပြားသွားမယ်"

လက်သီးဆုပ်ကြီးနဲ့ထုချဖို့ ရွယ်လာတာမို့ Fourth ကပျာကယာ ခေါင်းငုံ့ကာ ပုခုံးလေးပါကျုံ့ထားလိုက်မိတော့သည်.......
ကိုကို တကယ်ဒေါသထွက်နေပြီ.....

ကျောပိုးအိတ်ကိုမီးနဲ့ရှို့တဲ့ ကိစ္စဖြစ်ပြီးသွားကတည်းက ကိုကို ဟာ Fourth ကိုအရင်လို ကြမ်းကြမ်းတမ်းတမ်းမဆက်‌ဆံတော့တာ တော်တော်ကြာပြီ......

ဖက်လှဲတကင်းမရှိလှပေမယ့် တစ်ခုခုဆို Fourth ကိုလိုက်လိုက်လျောလျောလေးပြောင်းလဲဆက်ဆံပေးလာတာကိုက ကျေးဇူးအထပ်ထပ်တင်စရာ.....

Fourth အရင်ထဲကသိသားပဲ....
ကိုကိုက စိတ်ရင်းကောင်းတဲ့ကောင်လေးဆိုတာ
စာညံ့တဲ့ Fourth ကို သူ့နားချိန်တွေထဲကဖဲ့ပြီး စာသင်ပေးတာကိုပဲကြည့်ပါလား.......

"ဒီလောက်ပြောနေတာတောင် စိတ်ကဟိုရောက်ဒီရောက်ဖြစ်နေပြန်ပြီ
အထုအထောင်းမခံရတာကြာပြီဆိုတော့ ဒီလက်သီးကိုလွမ်းနေပြီထင်တယ်
ငါတကယ်ထုချလိုက်ရမလား Fourth Natawat"

"အင့်....."

ခေါင်းကိုပြုတ်ထွက်မတက်ခါယမ်းပြီး အကြောက်အကန်ငြင်းဆန်မိတော့တာပါပဲ.......လွမ်းစရာလား

တစ်နှစ်ထက်တစ်နှစ်ပိုပိုပြီးဖွံ့ဖြိုးလာတဲ့ကိုကိုက လူကသာ M 5 ရှိသေးတာ ခန္ဓာကိုယ်က ကျောင်းက ကာယဆရာထက်ပင်ထွားကျိုင်းနေလေပြီ.…..

အရပ်ကြီးကလည်းအရှည်ကြီး......
ပုခုံးတွေ လက်ဖဝါးတွေဆိုတာကလည်းအကျယ်ကြီးတွေ....

သွေးကြော‌အပြိုင်းပြိုင်းပေါ်နေတဲ့ လက်သီးဆုပ်ကြီးနဲ့သာအထုခံထိလိုက်ရင် Fourth ဟာ နေရာမှာပင်တုန်းခနဲပစ်လဲသွားမှာအသေအချာ......

ကိုကို့ ဒေါသကိုကြောက်လွန်းလို့ Fourth မှာမျက်နှာကိုမော်ပင်မကြည့်ရဲတော့ချေ....

"ဟင်း.......
နောက်တစ်ခေါက်ပြန်ရှင်းပြမယ် သေသေချာချာလိုက်ကြည့်
ဒီတစ်ခေါက်မှနားမလည်ရင်တော့ ကျောင်းဆက်မတက်နဲ့ ဖေဖေ့ showroom မှာပဲသန့်ရှင်းရေးသွားလုပ်လိုက်တော့
မင်းအဲ့မှာနေရတာကြိုက်တယ်မလား.....
အားတာနဲ့ စာလုပ်မယ်မရှိဘူး အဲ့ showroom ပဲလိုက်လိုက်သွားပြီး ဆိုင်ကယ်တွေကားတွေပဲ လိုက်နှိုက်နေတာ
လုပ်မလားသန့်ရှင်းရေး ငါဖေဖေ့ကိုပြောပေးမယ်.....ဟမ် Fourth Natawat"

ချစ်လို့ (Complete)Where stories live. Discover now