ဂေဟာမှာတစ်နှစ်နေခဲ့တာမို့ Fourth အတွက်တော့မနက်ငါးနာရီခွဲဆိုအိပ်ယာထရတာအကျင့်ပါနေလေပြီ.....
ဂေဟာမှာက အလှူရှင်နဲပါးတာတစ်ကြောင်း အသက်ကြီးတဲ့ကလေးတွေဝိုင်းအနိုင်ကျင့်ကြတာကတစ်ကြောင်း
အကြောင်းအမျိုးမျိုးကြောင့် တစ်ရက်တစ်လေလောက်များစောစောမထနိုင်ရင် Fourth မှာမနက်စာအငတ်ခံရတာမလို့ ငါးနာရီခွဲ တိ ဆိုတာနဲ့ကိုမျက်လုံးက အလိုလိုပွင့်ပြီးသား.......အခုက အနိုင်ကျင့်မယ့်သူဘယ်သူမှမရှိတော့ပေမယ့် ကျင့်သားရနေတဲ့မျက်လုံးတွေကဘယ်လိုမှ ဆက်အိပ်လို့မရတော့ပေ......
Fourth အိပ်ယာပေါ်က ဆတ်ခနဲကုန်းထပြီး ထိုးထိုးထောင်ထောင်ဖြစ်နေတဲ့ ဆံပင်အုပ်လုံးလုံးလေးကိုလက်နဲ့တစ်ချက်နှစ်ချက်သပ်ကာ ပုံသွင်းလိုက်သည်.....
ထို့နောက်တွန့်ကြေနေတဲ့အိပ်ယာခင်းကိုပြန့်သွားအောင် လက်ပုတိုလေးတွေနဲ့ စိတ်ရှည်လက်ရှည်ဆွဲဖြန့်လိုက်ပြီး တစ်ကိုယ်ရေသန့်ရှင်းရန်ပြင်ဆင်လေသည်.......
Fourth ကသန့်သန့်ရှင်းရှင်းမွှေးမွှေးကြိုင်ကြိုင်နေရတာကို သိပ်သဘောကျပါသည်.......
"အင်း.....ဟင်း......"
"အွန်...?"
ရေမိုးချိုးပြီးတော့ အချိန်က ခြောက်နာရီထိုးပြီး ဆယ့်ငါးမိနစ်ဖြစ်သွားပြီ.....
အောက်ဆင်းမလို့ပြင်နေတုန်း လှေကားထိပ်ရောက်မှ နားထဲခပ်သဲ့သဲ့ကြားလိုက်ရတဲ့ ညည်း သံတိုးတိုးကြောင့် Fourth ခေါင်းလေးထောင်ကာ နားစွင့်မိသည်.....
ဘယ်ကလာတဲ့ ညည်း သံပါလိမ့်.....
"အင့်....ဖေဖေ......ဟင့်....ဟင်း......"
ကိုကို့အသံ.......
Fourth အောက်မဆင်းတော့ပဲ ကိုကို့အခန်းဆီခပ်သွက်သွက်လေးပြေးသွားလိုက်ပြီး အခန်းတံခါးကိုနားလေးနဲ့အသာကပ်ကာ အထဲကအသံကိုအာရုံစိုက်နားထောင်လိုက်တော့ တစ်ချက်တစ်ချက် ထွက်ပေါ်လာတဲ့ ကိုကို့ ရဲ့ညည်းသံလေးကိုသေသေချာချာကြားလိုက်ရလေတော့သည်......
"ဟင်း............."
တိုးတိုးငြှင်းငြှင်းထွက်လာတဲ့ အသံလေးကိုအကြားမှာ Fourth ရဲ့လက်ချောင်းလေးတွေကတံခါးလက်ကိုင်ပေါ်အလိုလိုရောက်သွားတော့သည်.....
YOU ARE READING
ချစ်လို့ (Complete)
Fiksi Penggemarဘာကြောင့် ဒီလောက်အနိုင်ယူနေရတာလဲ......တဲ့ ဘယ်လောက်တောင်ရယ်စရာကောင်းလိုက်တဲ့မေးခွန်းလဲ အဖြေကရှင်းရှင်းလေးပဲ Fourth ငါ မင်းကို စောက်ရမ်း မုန်းလို့...... #Gemini Norawit Titicharoenrak ဘာကြောင့် ဒီလောက်သည်းခံနိုင်ရတာလဲ....တဲ့ ဘယ်လောက်တောင် လွယ်ကူရိုးရ...