25

1.2K 118 44
                                    

ကိုကို့အဆောင်ကို Fourth လိုက်သွားလို့ပြဿနာ‌တက်ပြီးတဲ့နောက်မှာ ကိုကို က Fourth သတိရတိုင်းအလွယ်တကူလာတွေ့လို့ရအောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ကျောင်းရှေ့က ကွန်ဒိုကိုချက်ချင်းပြောင်းရွေ့ခဲ့တာမို့ 
ကိုကိုနဲ့ Fourth ရဲ့ချစ်သူဘဝလေးဟာ အရင်ကထက်ပိုပြီးလက်ပွန်းတတီးရှိလာခဲ့တာသိသိသာသာပင်ဖြစ်၏......

ခါတိုင်းလိုသူငယ်ချင်းတရုန်းရုန်းနဲ့မဟုတ်တော့တာဖြစ်လို့ကိုကိုက Fourth ကို သူ့ condo မှာတံခါးမရှိဓားမရှိသွားလာခွင့်ပေးထားပါသည်.....

Fourth မလာရင်လည်းအိမ်ကိုအယောင်မလည်နဲ့ပြန်လာပြိး Fourth ကိုလာခေါ်တတ်သည်....

ဒါကြောင့် ကိုကို့ စာသင်နှစ်တွေအကုန်လုံး Fourth မှာအိမ်နဲ့ ကိုကို့ condo ကိုလွန်းထိုးသလိုကူးချည်သန်းချည်ဖြစ်နေလေတော့သည်....

အခုလဲမနက်စောစောကတည်းက ဒီမှာသောင်တင်နေတာ နေ့ခင်းဘက် Phi Barcode ကိုကို့စီ assignment လာလုပ်တဲ့အထိမပြန်ဖြစ်သေးပေ.....

"ဟေ့ကောင် မကြည့်နဲ့အဲ့လောက်"

condo ကို စာလာလုပ်တဲ့ Phi Barcode ကရေခဲမုန့်လာချပေးတဲ့ Fourth ကိုပြုံးစိစိနဲ့ကြည့်နေတာမို့ ကိုကို ကအူတိုပြီးလှမ်းအော်နေတာပဲဖြစ်၏.......

"Fourth ကိုကို့နားလာအုံး"

တစ်ဆက်ထဲမှာပဲ Fourth ကိုလည်းဘေးနားအတင်းခေါ်ပြီး တစ်လုံးဖြုတ်ထားတဲ့ရှပ်အင်္ကျီကြယ်သီးကို ဆိုးဆတ်နဲ့ ကောက်တပ်ပေးကာ လက်ဖမိုးလေးကိုတစ်ချက်ဖြစ်ညှစ်ရင်း စကားဆိုလာပြန်သည်......

"ကြယ်သီးသေချာတပ်ဝတ် အအေးပတ်မယ်"

"အမ်"

"ခွီး"

Fourth ရဲ့နားမလည် ပါးမလည်ရေရွတ်သံနဲ့ Phi Barcode ရဲ့မအောင့်နိုင်မအီးနိုင်ရယ်သံဟာ အတူတူထွက်ပေါ်လာလေတော့သည်......

Phi Barcode လှောင်ရယ်တာခံလိုက်ရတဲ့ဆရာကြီးကတော့ မျက်မှောင်ကြီးကျုံ့ထားလိုက်တာများ angry bird ကြီးကျလို့.....

ဟုတ်တယ်လေ.....ဘယ်သူကမရယ်ပဲနေနိုင်မှာလဲ..…...

ကိုကို့ စကားက တစ်နေ့တစ်နေ့ အရေပျော်ကျမတက်ကိုပူလောင်နေတဲ့ ဘန်ကောက်ရဲ့အပူချိန်ကို မျက်နှာပြောင်နေသလိုဖြစ်နေတဲ့ဟာ..... 

ချစ်လို့ (Complete)Where stories live. Discover now