17

2.6K 174 7
                                    

"ဟူး...."

သက်ပြင်းကိုလေးလေးပင်ပင်ချမိတော့ စက္ကူကြယ်လေးတွေကြိုးစားပမ်းစားခေါက်နေတဲ့ Chimon က Fourth ကိုမော့ကြည့်ကာမေးဆတ်ပြသည်.......

"စောင့်ရတာစိတ်မရှည်တော့ဘူးလား......
လာမှာပေါ့ကွ အေးဆေးပေါ့ မင်းစာပို့ထားတာပဲဟာ 
မင်းအစ်‌ကိုရောက်လာတဲ့အချိန်ထိငါအဖော်လုပ်ပေးပါ့မယ်
M_6 ဆိုတော့ဒီလိုပဲကျောင်းပြန်နောက်ကျမှာပေါ့ စာမေးပွဲလဲနီးနေပြီလေ
ပြီးတော့မင်းအစ်ကိုကစာလဲတော်တာကိုး"

ဒီနေ့ ကိုကို အတန်းဆင်းချိန်နောက်ကျနေတာမို့ အိမ်အတူပြန်ဖို့ကို Fourth ဟာကျောင်းဝန်းထဲကခရေပင်အောက် ခုံဝိုင်းလေးတွေမှာထိုင်စောင့်နေတာပဲဖြစ်သည်......

Chimon ကတော့ Fourth တစ်ယောက်ထဲဖြစ်နေမှာစိုးလို့အဖော်ရ အောင်ထိုင်စောင့်ပေးနေခြင်းပင်.......

လက်ထဲမှာလဲရောင်စုံစက္ကူစလေးတွေတစ်ထပ်ကြီးကိုင်လို့.....

Fourth ရဲ့သူငယ်ချင်းသာလိကာလေးက အခု‌တလော အရမ်းကိုငြိမ်ချက်သားကောင်းနေပြီးတစ်ချိန်လုံးစက္ကူကြယ်လေးတွေပဲခေါက်နေတာမို့ Fourth တို့နှစ်ယောက် သေသေချာချာစကားမပြောဖြစ်တာသုံးလေးရက်လောက်ရှိနေပြီ......

အခုလဲ Fourth နဲ့အတူကိုကို့ ကိုစောင့်ကူရင်းစက္ကူကြယ်လေးတွေခေါက်နေပြန်လေ၏.....

တိတ်တိတ်ဆိတ်ဆိတ်နေချင်ပုံရတာကြောင့် Fourth လည်းသာလိကာလေးကိုငြိမ်ငြိမ်လေးငေးရင်းသာကြည့်နေလိုက်တော့သည်...…..

စက္ကူကြယ်လေးတွေဟာ သာလိကာလေးအတွက်တော့ အတော်လေးအရေးတကြီးရှ်ိတဲ့ပုံ........

"အကိုကြီးအတွက်ခေါက်နေတာ"

"ဟွန်"

"ဟုတ်တယ်.....အကိုကြီးအတွက်ခေါက်နေတာ"

လက်ချောင်းလေးတွေကိုရောင်စုံစက္ကူစလှလှလေးတွေပေါ်မှာပြေးလွှာနေစေရင်းက Fourth ကိုမော့မကြည့်ပဲတိုးတိုးဖွဖွစကားဆိုလာတဲ့ သာလိကာလေး..........

"ကြယ်လေးတွေအခုပေါင်းတစ်ထောင်ခေါက်ပြီးတော့ အဖြစ်ချင်ဆုံးဆုတစ်ခုတောင်းရင် ဆုတောင်းပြည့်တယ်တဲ့လေ
အဲ့ဒါကြောင့်ငါ ကြယ်တစ်ထောင်ပြည့်အောင်ခေါက်နေတာ"

ချစ်လို့ (Complete)Where stories live. Discover now