2

3K 235 27
                                    

"ဒီတစ်ညတော့ ညီလေးနဲ့ အတူတူအိပ်လိုက်ကြတော့နော် နောက်နေ့မှပဲ ဖေဖေသူ့အတွက် အခန်းတစ်ခန်းစီစဉ်ပေးလိုက်မယ်"

စောင်ကိုရင်ဘက်အထိဆွဲခြုံပေးရင်းပြောလာတဲ့ဖေဖေ့ကို Gem အပြုံးလေးနဲ့ခေါင်းညိတ်ပြလိုက်သည်.....

"ဟုတ်ကဲ့ပါဖေဖေ"

"လိမ္မာလိုက်တာ ဖေဖေ့သားလေးက"

ဖေဖေက Gem ရဲ့နဖူးလေးကိုအနမ်းခြွေရင်း ချီးကျူးစကားဆိုသည်.....

ဘေးမှာအိပ်နေတဲ့ Fourth ရဲ့ ခေါင်းကိုလဲ ခပ်ဖွဖွပွတ်ပေးကာ

"မနက်ဖြန်ကျမှ ဘေးခန်းကိုသားနေဖို့ပြင်ဆင်ပေးမယ် ဒီညတော့ ကိုကိုနဲ့အတူတူအိပ်လိုက်နော်"

ဖေဖေ့ကို ခေါင်းတဆတ်ဆတ်ညိတ်ကာအဖြေပေး‌တဲ့ ကောင်လေးကိုကြည့်ပြီး Gem ကျေနပ်စွာပြုံးနေလိုက်သည်
ခဏနေကျ ညနေကမေမေငိုသလို ငို ဖို့အတွက် အခု အ ဝ ပျော်ထားလိုက်ပါအုံး.....

ဖေဖေအခန်းပြင်ရောက်ဖို့ စောင့်ရတဲ့စက္ကန့်တွေက Gem အတွက်သိပ်ကြာလွန်းသည်ဟုပင်ထင်မိသည်.....
ဒီဘေးက သတ္တဝါလေးကို ကုတင်ပေါ်က တွန်းချ ချင်လှပြီ.......

"အဲ့ဒါဆို ဖေဖေသွားပြီ ကောင်းကောင်းအိပ်ကြနော်"

နှုတ်ဆက်ကာထွက်သွားသည့် ဖေဖေ့ကျောပြင် ပျောက်ကွယ်သွားတာနဲ့တစ်ပြိုင်နက် Gem အခန်းတံခါးကို လော့ ပြေးချလိုက်သည်.....

ထို့နောက် gem လုပ်သမျှကိုင်သမျှကို မျက်လုံးအပြူးသားနဲ့ လိုက်ကြည့်နေတဲ့ ဂြိုလ်သားကောင်ကို ပုခုံးကနေဆွဲထူလိုက်ပြီး ပြုံးပြကာ စကားဆိုသည်.......

"မင်းကိုဘယ်သူက ကုတင်ပေါ်အိပ်ရမယ်ပြောလို့လဲ"

"ဘုတ်"

"အ"

လက်မောင်းကိုကိုင်ကာ ကုတင်အောက်ဆွဲချလိုက်တဲ့ Gem ကြောင့် Fourth မှာကြမ်းပြင်ပေါ်ကိုထိုင်ရက်ကလေးပြုတ်ကျသွားရလေတော့သည်.....

ခြေလွက်လက်လွတ်ပြုတ်ကျသွားတာကြောင့် ကြမ်းပြင်နဲ့မိတ်ဆက်သွားတဲ့ တင်ပါးနေရာက အောင့် ခနဲ..…

လွန်ခဲ့တဲ့ မိနစ်ပိုင်းလေးကမှ စိတ်လိုလက်ရပြုံးပြနေသေးတဲ့ကောင်လေးက အခု တော့ Fourth ကိုငုံ့မိုးပြီး စိုက်ကြည့်နေလိုက်တာများ စိမ်းစိမ်းကားကား စူးစူးရင့်ရင့်

ချစ်လို့ (Complete)Where stories live. Discover now