"အကိုကြီး"
Perth ကျောင်းရှေ့က juice ဆိုင်မှာ Love နဲ့ Milk မှာလိုက်တဲ့ Blue Hawaii soda နှစ်ခွက်ဝယ်ဖို့တန်းစီနေတုန်း ဘူးလေးတစ်ဗူးပိုက်ပြီး အနားရောက်လာတဲ့ သာလိကာလေး.....
"ဘာတုန်း.….အအေးသောက်ချင်လို့လား
ငါဝယ်ပေးမယ်မဟုတ်ရင်မင်းအကြာကြီးတန်းစီနေရလိမ့်မယ်""မဟုတ်ပါဘူး သား အကိုကြီးကိုပြောစရာရှိလို့ အဲ့ဒါ သားကို အကိုကြီး အချိန်နဲနဲလောက်ပေးလို့ရမလား"
"ထူးထူးဆန်းဆန်းပါလား.....ရတယ်လေ ဟိုမှာခဏထိုင်စောင့် လာခဲ့မယ်"
"ဟုတ်"
ထူးထူးဆန်းဆန်းဆိုမှ တကယ်ကိုထူးဆန်းနေတာမို့ Perth မျက်ခုံးပင့်မိသွားသည်......
ခါတိုင်းလူတွေ့တာနဲ့ သူများနားထောင်ချင်လားမထောင်ချင်လားမသိ ရေပက်မဝင်အောင် စကားများတတ်တဲ့ကလေးက အခု Perth နဲ့စကားပြောဖို့သေသေချာချာလေးခွင့်တောင်းနေလေရဲ့.......
မျက်နှာလေးကလည်း တစ်ခုခုကိုစိတ်ပူသလိုလို ကြောက်ရွံ့နေသလိုနဲ့ လန်းလန်းဆန်းဆန်းမရှိလှ......
လက်ထဲကဘူးလေးကိုစားပွဲပေါ်တင်ပြီး ကုပ်ကုပ်လေးထိုင်နေတဲ့ကောင်လေးကိုကြည့်ကာ Perth ရင်ပူသလိုပင်ဖြစ်လာလေသည်.......
သေသေချာချာကြည့်လိုက်တော့မှ မျက်ကွင်းလေးတွေညိုပြီး ပါးဖောင်းဖောင်းလေးတွေတောင်အနဲငယ်လျော့ကျနေသလားလို့......အတန်းထဲမှာ အနိုင်တွေဘာတွေများအကျင့်ခံနေရလားမသိပေ.......
Perth အလှည့်ရောက်တော့ ဒီကောင်လေးအတွက်ပါ strawberry caramel တစ်ခွက်ပိုမှာလိုက်ပြီး မှိုင်တွေတွေလေးထိုင်နေတဲ့ ကောင်လေးစီလျှောက်လာလိုက်သည်......
ဘာလိုလိုနောက်ဆုံးစာမေးပွဲဖြေမယ့်ရက်တောင်နီးကပ်လာပြီမို့ ဒီကလေးနဲ့တွေ့ရမယ့်ရက်တောင်သိပ်မကျန်တော့ပေ......လူကိုမြင်တာနဲ့ အကိုကြီး ဆိုပြီးအသံပြဲနဲ့ကျုံးအော်တတ်တဲ့ကလေးလေး......
သူ့ကိုသူ သား လို့ချစ်စဖွယ်ကောင်းအောင်သုံးနှုန်းတတ်တဲ့ မျက်နှာဝိုင်းလေး......
တစ်ယောက်ထဲအမြဲတမ်းစကားတွေလုပြောနေတတ်တဲ့ သာလိကာလေး........
Perth ကိုတော်တော်လေးခင်ခင်တွယ်တွယ်ရှိရှာတဲ့ဒီကောင်လေးကို Perth လည်းတကယ်သံယောဇဉ်ရှိပါသည်.......
YOU ARE READING
ချစ်လို့ (Complete)
Fanfictionဘာကြောင့် ဒီလောက်အနိုင်ယူနေရတာလဲ......တဲ့ ဘယ်လောက်တောင်ရယ်စရာကောင်းလိုက်တဲ့မေးခွန်းလဲ အဖြေကရှင်းရှင်းလေးပဲ Fourth ငါ မင်းကို စောက်ရမ်း မုန်းလို့...... #Gemini Norawit Titicharoenrak ဘာကြောင့် ဒီလောက်သည်းခံနိုင်ရတာလဲ....တဲ့ ဘယ်လောက်တောင် လွယ်ကူရိုးရ...