21

3.4K 242 67
                                    

နိုးနေကျမဟုတ်တဲ့အချိန်မှာ ရုတ်တရက်ကြီးနိုးလာခဲ့တယ်လို့ထင်ရပေမယ့် တကယ်ကနိုးလာတာမဟုတ်ဘူး Fourth အိမ်မက်မက်နေတာ.......

ဘာလို့ဆို Fourth နိုးလာတဲ့ နေရာ ကလက်မောင်းတစ်ဖက်ကို Fourth ခေါင်းအောက်လျှိုထည့်ထားပြီး တစ်ဖက်က Fourth ခါးကိုဖွဖွလေးသိမ်းဖက်ကာ အိမ်မောကျနေတဲ့ ကိုကို့ ရင်ခွင်ထဲမှာဖြစ်နေလို့..........

Fourth ပြုံးလိုက်မိသည်ထင်ပါ၏......
ချိုမြိန်လွန်းတဲ့အိမ်မက်လေးကို ကျေးဇူးအထပ်ထပ်တင်စွာ Fourth ကြည်ကြည်နူးနူးပြုံးလိုက်မိသည်ထင်ပါ၏.......

အသက်ရှူသံမှန်မှန်နဲ့အိပ်ပျော်နေတဲ့ ကိုကို့ ထွက်သက်လေးဟာ Fourth နဖူးဆံသားလေးတွေကိုညင်ညင်သာသာထိတွေ့ကျီ‌စယ်လို့နေလေသည်......
မီးရောင်ကိုကျောပေးလဲလျောင်းနေတာမို့ အလင်းဝါဝါ‌နဲ့ထိတွေ့နေတဲ့ကိုကို့ပါးပြင်တစ်ခြမ်းကဝင်းလဲ့ရွန်းအိနေပြီး နှာဖျားလုံးလုံးပြောင်ပြောင်လေးကသံလွင်သီးအမှည့်လေးလိုဝါဝင်းနေလေ၏........
နှုတ်ခမ်းထော်ထော်လေးကတော့ စတော်ဘယ်လို နီနီရဲရဲလေး......

"အဟွန့်"

ကိုကို့ နှာတံထင်းထင်းလေးက Fourth ခေါင်းအုံးပေါ်မှာအရိပ်ထင်နေတာတွေ့တော့ Fourth အသံတိုးတိုးထွက်ရယ်မောမိသွားသည်.......
ချစ်တဲ့သူနဲ့ ကိုယ်ဟာ တစ်ကိုယ်ရည်အသုံးအဆောင်တစ်ခုကို အတူတူမျှဝေသုံးစွဲနေကြတာပါလားဆိုတဲ့အတွေးက Fourth ရင်ကိုပီတိလှိုင်းလေးတွေဘောင်ဘင်လူးလွန့်စေသည်........
အိမ်မက်လေးကသိပ်ကြည်နူးစရာကောင်းတာပဲ......

နဖူးပေါ်ဖြာကျနေတဲ့ဆံနွယ်အိအိတွေကိုသပ်တင်ပေးလိုက်တဲ့အခါ မျက်တောင်လေးတွေညင်ညင်သာသာလှုပ်ခပ်သွားပေမယ့်မျက်ဝန်းအိမ်တွေကပွင့်ဟမလာ........
အိမ်မက်ကအသေးစိပ်ကျလွန်းတာမို့ Fourth ရင်တွေအကြမ်းပတမ်းခုန်ပေါက်လာလေတော့သည်........

Fourth နဖူးပြင်ထက်က ကိုကို့ ထွက်သက်နွေးနွေး.....
Fourth ခါးသွယ်သွယ်ထက်က ကိုကို့ လက်ဖဝါး‌နွေးနွေး.....
Fourth တစ်ကိုယ်လုံးကိုဖြန့်ကျတ်လွှမ်းခြုံထားတဲ့ ကိုကို့ ရင်ငွေ့နွေးနွေး........

ထိတွေ့ထားသမျှ အနွေးဓာတ်တိုင်းဟာ အရမ်းလက်တွေ့ဆန်လွန်းနေတာမို့ အိမ်မက်မဟုတ်ပဲ တကယ်များဖြစ်နေသလားလို့ပင်ထင်မိလေသည်......
ဒါပေမယ့် အိမ်မက်ဆိုတာသေချာပါသည်..........
ဒီနေ့အိမ်ပြန်မလာဖြစ်ဘူးဆိုတာ ညနေထဲက ကိုကို ဖုန်းဆက်ထားခဲ့သည်မဟုတ်လား........
တကယ်လို့အိမ်ပြန်လာခဲ့ရင်တောင် ကိုကို က Fourth ကိုအခုလိုရင်ခွင်ထဲထည့်ပြီးအိပ်စက်ဖို့ဆိုတာ ဘယ်နည်းနဲ့မှမဖြစ်နိုင်ပေ........

ချစ်လို့ (Complete)Where stories live. Discover now