"ဟေ့....နေအုံး"
လမ်းထိပ်က bakery မှာမုန့်လာဝယ်ပြီး အပြန် ဆိုင်ရှေ့ရပ်ထားတဲ့ စက်ဘီးပေါ်တက်မလို့ပြင်ရုံရှိသေး ကျောဘက်ကထွက်လာတဲ့အသံကြောင့် Chimon ပုခုံးလေးတွေကျုံ့ခနဲဖြစ်သွားသည်.......
လှည့်ကြည့်လိုက်တော့ နောက်တည့်တည့်မှာရပ်နေတာက Chimon ရဲ့ချစ်လှစွာသော crush ကြီး........
မျက်မှောင်ကုပ်၊ခါးထောက်ပြီး Chimon ကိုစားတော့ဝါးတော့မယ့်ပုံနဲ့စိုက်ကြည့်နေလေရဲ့....…
မေးရိုးကြီးကလည်း ညိုလို့..... Chimon ရဲ့စနက်တွေပေါ့.....
ရုပ်ရှင်တွေထဲကလို နှစ်ယောက်ထဲရှိတဲ့အချိန် လမ်းကြားထဲဆွဲခေါ်သွားပြီး ထိုးကြိတ်ထားခဲ့မှာကိုကြောက်တာကြောင့် Chimon နေရာကအမြန်ဆုံးထွက်ပြေးရန်ကြံစည်ရပေတော့သည်.......
ကြိတ်သာကြိုက်နေတာ အသားတော့အနာမခံနိုင်......
Chimon ကသူများကိုပဲအသားနာအောင်လုပ်ချင်တာ ကိုယ့်အသားကျအပ်ဖျားလေးနဲ့ရွယ်ရင်တောင် မျက်ရည်ဝဲတတ်တဲ့အမျိုး......
အသဲလေးနုချက်က ပန်းရောင်လေးကိုသန်းလို့ရယ်.......
"ဟီး......အ......အကိုကြီး....မင်္ဂလာပါခင်ဗျ
သွားလိုက်ပါအုံးမယ်"မျက်နှာချိုလေးတစ်ချက်သွေးပြပြီး လစ်ပြေးမယ်ကြံတော့ ပုခုံးတစ်ဖက်ပေါ်ဘုတ်ခနဲကျလာတဲ့ လက်ဖဝါးအကြီးကြီးတစ်ဖက်......
"ဘယ်ပြေးမလို့လဲအဲ့ဒါ"
မျက်ခုံးတစ်ဖက်ပင့်ရင်း မေးလာတာကအရမ်းစွဲဆောင်မှုရှိလွန်းပေမယ့်လည်းအခုချိန်ဟာ crush ကိုငမ်းဖို့အချိန်ကောင်းမဟုတ်မှန်း Chimon သဘောပေါက်ပါ၏......
တဆတ်ဆတ်တုန်လာတဲ့ဒူးကို ညွှတ်ကျမသွားအောင်ထိန်းရင်း မျက်နှာကိုအလန့်လန့်အဖြန့်ဖြန့်နဲ့မော့ကြည့်ကာ တရက်စပ်တောင်းပန်မိတော့သည်......
မဟုတ်ရင်းဒီ ဇိုးအစ်ကိုကြီး လက်ချက်နဲ့ Chimon အသက်ထွက်လိမ့်မည်......
လူကိုကြိုက်ပေမယ့် လက်သီးကိုတော့ကြောက်မိတာအမှန်.......
"အ....အကိုကြီးရယ် သားကတမင်ထိုးတာမဟုတ်ပါဘူး
အဲ့...အဲ့နေ့က အကိုကြီးစက်ဘီးကိုရှောင်ရင်း ဒူးကပွန်းသွားတာဆိုတော့ ဒေါသလည်းနဲနဲထွက်သွားတာနဲ့ မဆိုစလောက်လေး ဖွဖွလေး မထိတထိလေး သာသာလေး အားသေးသေးလေးနဲ့ ထိုးလိုက်မိတာပါ စိတ်မဆိုးပါနဲ့"
YOU ARE READING
ချစ်လို့ (Complete)
Fanfictionဘာကြောင့် ဒီလောက်အနိုင်ယူနေရတာလဲ......တဲ့ ဘယ်လောက်တောင်ရယ်စရာကောင်းလိုက်တဲ့မေးခွန်းလဲ အဖြေကရှင်းရှင်းလေးပဲ Fourth ငါ မင်းကို စောက်ရမ်း မုန်းလို့...... #Gemini Norawit Titicharoenrak ဘာကြောင့် ဒီလောက်သည်းခံနိုင်ရတာလဲ....တဲ့ ဘယ်လောက်တောင် လွယ်ကူရိုးရ...