ပူပြင်းတဲ့နွေရက်တွေမှာ အပူရှောင်ဖို့အကောင်းဆုံးနေရာကတော့ စာသင်ဆောင်တွေနဲ့ ဂီတခန်းမဘက်ကူးတဲ့လမ်းမှာ တောက်လျှောက်စိုက်ပျိုးထားတဲ့ အရိပ်ရသက်တမ်းရင့် ခရေပင်တန်းတွေအောက်ဖြစ်သည်......
အုံ့ဆိုင်းနေတဲ့သစ်ပင်ကြီးတွေအောက်မှာ သစ်သားစားပွဲလေးတွေသစ်သားခုံလေးတွေ သပ်သပ်ရပ်ရပ်စီစီရီရီချထားတဲ့ဒီနေရာလေးက ကျောင်းသားကျောင်းသူတော်တော်များများရဲ့ မုန့်စားရာ စာလုပ်ရာ အတင်းတုပ်ရာနေရာလေး.......
အတန်းပြီးသွားပြီမို့ Fourth နဲ့ Chimon ကထုံးစံအတိုင်းဒီနေရာလေးမှာ စာလာလုပ်နေကြတာပဲဖြစ်သည်.....
စာသင်ခန်းထဲ Aircon တွေရှိနေပေမယ့် ပြင်ပလေကပိုပြီးအေးအေးမြမြရှိတဲ့အပြင် နားအေးပါးအေးလည်းရှိတာဖြစ်လို့ ဒီခုံတန်းလေးဟာ Fourth တို့နှစ်ယောက်အတူတူစာလာလုပ်နေကြနေရာလည်းဖြစ်သလို စပ်စုစိန်လေး Chimon ရဲ့ပြန်ကြားရေးဌာနချုပ်တည်ရှိရာနေရာလေးဆိုလည်းမမှားပေ.......
တစ်နေကုန်သူကြားခဲ့မြင်ခဲ့ရသမျှကို မမောနိုင်မပန်းနိုင်ပြန်ပြောပြတတ်တဲ့ သူငယ်ချင်းလေးရှိတာ Fourth အတွက်တော့အရမ်းကိုအပျင်းပြေရသည်မှာအမှန်......
တခါတလေနားငြီးလွန်းလို့ စိတ်ကောက်မိတာမျိုးကလွဲပြီး Fourth ဟာ Chimon ကိုအရမ်းခင်တွယ်ရပါသည်......စပ်စပ်စုစုနိုင်သလောက် မဟုတ်မခံရှိလွန်းတဲ့ Chimon ဟာ Fourth အတွက်တော့ တစ်ဦးတည်းသောအားထားရာသူငယ်ချင်းလေး......
ဒီနေ့တော့ Fourth ရဲ့စပ်စလူး နတ်ပူးလေးဟာ နတ်ကိုင်ခံထားရလို ထူးထူးဆန်းဆန်းငြိမ်သက်နေသည်မို့ Fourth မှာမနေတတ်မထိုင်တတ်ပင်ဖြစ်နေရချေပြီ.....
သက်ပြင်းတချချနဲ့ မျက်နှာလေးကလဲညှိုးလို့.......
"အွန့်"
Fourth ကဘောပင်အဖုံးလေးကိုလိန်ပိန်နေအောင်ကိုက်ပြီး M 5 အဆောင်ဘက်ငေးကြည့်နေတဲ့ Chimon ကို တံထောင်နဲ့တွတ်လိုက်တော့ သက်ပြင်းအကျယ်ကြီး ဟူး ခနဲတစ်ချက်ချရင်း Fourth ကိုမေးဆတ်ပြသည်......
လေသံတောင်မထွက်နိုင်တော့တဲ့ Chimon ကိုကြည့်ရင်း Fourth စိတ်တောင်ပူလာလေပြီ....
YOU ARE READING
ချစ်လို့ (Complete)
Fanfictionဘာကြောင့် ဒီလောက်အနိုင်ယူနေရတာလဲ......တဲ့ ဘယ်လောက်တောင်ရယ်စရာကောင်းလိုက်တဲ့မေးခွန်းလဲ အဖြေကရှင်းရှင်းလေးပဲ Fourth ငါ မင်းကို စောက်ရမ်း မုန်းလို့...... #Gemini Norawit Titicharoenrak ဘာကြောင့် ဒီလောက်သည်းခံနိုင်ရတာလဲ....တဲ့ ဘယ်လောက်တောင် လွယ်ကူရိုးရ...