19

3.1K 235 69
                                    

M_4 ဆောင်ထဲက ဝေါခနဲပြိုကျလာတဲ့ကျောင်းသားအုပ်ထဲမှာ Fourth ကိုရှာရတာဟာ ကောက်ရိုးပုံထဲက အပ်ကိုရှာရတာထက်တောင်ပိုခက်သေးသည်......
အကောင်ကလည်းသေး ငေးကလည်းငေးတတ်တဲ့အပြင်ကိုမှ စာမေးပွဲနောက်ဆုံးနေ့ဖြစ်တာမို့ camera တစ်လုံးနဲ့မြင်မြင်သမျှလိုက်မှတ်တမ်းတင်နေအုံးမယ်ဆိုတာ ဗေဒင်မေးစရာမလိုပဲ Gem သိပါသည်.......

လမ်းဘေးကပ်ရပ်ထားတဲ့ဆိုင်ကယ်ပေါ်ကနေ Gem အခုမှထွက်လာတဲ့လူအုပ်ကိုတစ်ချက်လှမ်းကြည့်ပြိး မျက်နှာလွှဲလိုက်သည်....
တော်တော်နဲ့ပေါ်လာအုံးမှာမဟုတ်ဘူး ဆရာသမားက.…...

"နေကလည်းပူလိုက်တာကွာ"

ဟုတ်တယ်......ညနေလေးနာရီထိုးနေပေမယ့် ကျနေဆိုတော့ပိုပူတာထုံးစံ

Gem လိုပဲဆိုင်ကယ်ပေါ်ငုတ်တုတ် နေပူခံနေတဲ့ Perth က နားထင်ကချွေးစက်တွေကိုလက်နဲ့တစ်ချက်သပ်ချရင်း မနေနိုင်မထိုင်နိုင်ထုတ်ပြောလာတာကြောင့် Gem ဒီကောင့်ကိုလှည့်ကြည့်လိုက်တော့ သကောင့်သားကပူလွန်းလို့မျက်နှာတွေတောင်နီနေပြီ.........

"မင်းမပြန်ပဲဘာလုပ်နေတာလည်း ခဏနေကျမှပြန်ဆုံမယ် ပြန်နှင့်လေ ငါ့မစောင့်နဲ့တော့ ငါ Fourth ကိုအိမ်ပြန်လိုက်ပို့လိုက်အုံးမယ်"

"မင့်စောင့်နေတာမဟုတ်ပါဘူး ငါ့ဟာငါ Chimon ကိုစောင့်နေတာ"

"အော်......မင့်မလဲဒုက္ခ"

"ငါ့ဒုက္ခက မင့်ဝဋ်ကြွေးထက်များပိုကြီးနိုင်ပါအုံးမလားကွာ"

"အေးဆို"

နေပူကျဲတဲထဲ ဒုက္ခနဲ့ဝဋ်ကြွေး အကြီးအသေးပြိုင်ပြီးနှစ်ယောက်သားပြန်ငြိမ်သွားကြတော့သည်......

တစ်ကျောင်းလုံးရှိတဲ့လူကုန်သလောက်ဖြစ်သွားတော့မှပဲ ဝဋ်ကြွေးလေးနဲ့ ဒုက္ခလေးဟာ တစ်ယောက်ယောက်ပုခုံးတစ်ယောက်ဖက်ပြိးယိုင်တိုင်ယိုင်တိုင်နဲ့ထွက်လာတာကိုတွေ့ရလေတော့၏......

နှစ်ယောက်လုံးမျက်နှာတွေမကောင်းကြတာမို့ Gem ရော Perth ရောဆိုင်ကယ်ပါ်ကစွက်ခနဲခုန်ဆင်းမိကြတာ ပြိုင်တူပင်......

"Fourth.....ကိုကို ဒီမှာ"

"ဒီကိုလာ Chimon"

ဝဋ်ကြွေးလေးဟာ Gem ရှိရာလျှောက်လာပြီး Perth ကတော့ ဒုက္ခလေးနဲ့တွေ့သွားပါလေ၏.....

ချစ်လို့ (Complete)Where stories live. Discover now