13

1.6K 164 50
                                    

ဒီနေ့ Chimon တစ်ယောက် စက်ဘီးတိုက်ခံရပြီး ဒူးပြဲသွားလို့ကျောင်းမလာနိုင်.....
ဒါကြောင့်ဂီတခန်းပစ္စည်းသိမ်းသည့်အလုပ်ကို အတန်းထဲကကောင်မလေးတစ်ယောက်နဲ့ Fourth အတူတူလုပ်ဖို့တာဝန်ကျသည်........

သောကြာနေ့ညနေ ကျောင်းဆင်းချိန်တိုင်း M 3 နှစ်ယောက်စီအလှည့်ကျ ဂီတခန်းကပစ္စည်းတွေသန့်ရှင်းလုပ်ရတာမို့ အရင်က ဘာလုပ်လုပ် Chimon နဲ့ တတွဲတွဲလုပ်နေကျ Fourth ဟာအခုတော့ဖြင့်အတန်းထဲကကောင်မလေးတစ်ယောက်နဲ့အတူ ပစ္စည်းတွေသိမ်းဆည်းဖို့ဖြစ်လာရသည်ပင်.......

"Fourth"

"ဟင်"

ဂီတာတွေကို stand မှာပြန်ထောင်နေတုန်း ကောင်မလေးကလှမ်းခေါ်လာတာမို့ Fourth ပြန်ထူးလိုက်သည်.....

"ဟို.....ဟိုဟာလေ ငါအရင်ပြန်နှင့်လို့ရမလားဟင် ငါတံမြတ်စည်းလဲလှဲပြီးပြီ ပစ္စည်းတွေလည်းဖုန်သုတ်ပြီးပြီ နေရာလည်းချပြီးပြီဆိုတော့လေ
အားတော့နာပါတယ်ဟာ ငါ အချိန်ပိုင်းအလုပ်မမှီမှာစိုးလို့ပါ စတိုထဲထည့်ရမယ့်ဟာတွေနင်ပဲသိမ်းလိုက်လို့ရမလားဟင်"

တကယ်ကြီးအားနာစွာခွင့်တောင်းလာတဲ့ကောင်မလေးကို Fourth ပြုံးကာခေါင်းညိတ်ပြလိုက်၏
scholarship ထောက်ပံ့ကြေးနဲ့ private school မှာကျောင်းတက်ခွင့်ရခဲ့တဲ့အပြင် အတန်းငယ်လေးတွေကိုအချိန်ပိုင်းစာသင်ရင်းအပိုဝင်ငွေရှာ‌နေတဲ့ ဒီသူငယ်ချင်းမလေးကို Fourth တကယ်လေးစားမိသလို ကိုယ်ချင်းလည်းစာသည်
စာတော်ပြီး တစ်ဖက်သားကိုလည်းအလျင်းသင့်သလိုကူညီတတ်တဲ့ သဘောဖြူအူစင်းလေးမို့ အခွင့်အရေးယူတယ်လို့မမြင်ပါ....
ရိုးသားထက်မြက်‌တဲ့ကောင်မလေးကို စောစောပေးပြန်ဖို့ Fourth ငြိုငြင်စရာအကြောင်းမရှိပေ........

💬ရတယ်လေ ပြန်လို့ရပါတယ် စောစောကပြောရောပေါ့

"ကျေးဇူးပါ Fourth ရယ်နောက်နေ့ကျမုန့်ဝယ်ကျွေးမယ်နော် သူငယ်ချင်းလေး
အဲ့ဒါဆိုငါသွားတော့မယ်"

💬အေးပါကောင်းကောင်းသွား

ခွင့်ပြုပေးလိုက်တော့ အပြုံး‌လေးနဲ့ကျေးဇူးတင်စကားဆိုရင်းအပြေးအလွှားထွက်သွားလေရဲ့......
Fourth လည်းသိမ်းရမယ့်ပစ္စည်းတွေကိုခြင်းတစ်ခုထဲစုထည့်ပြီး ခန်းမနောက်ကျောက စတိုခန်းထဲဝင်လာလိုက်တော့သည်
ဒါတွေသိမ်းပြီးရင် အိမ်ပြန်လို့ရပြီလေ..….

ချစ်လို့ (Complete)Where stories live. Discover now