22

3.5K 230 92
                                    

ဘန်ကောက်က‌နေ ထိုင်းနိုင်ငံတောင်ပိုင်း ဆူလတ်ဌာနီ international airport အထိလေယာဉ်စီး..…...
ဆူလတ်လေဆိပ်ကနေ ferry boat service center အထိကားစီး........
ferry boat ပေါ်ခြေချပြီးတဲ့နောက်မိနစ်အနဲငယ်အကြာ ပင်လယ်ပြာပြာထဲက တစ်စတစ်စ ထင်ထင်ရှားရှားထိုးထွက်လာတဲ့ကုန်းမြေစိမ်းစိမ်းလေးဟာ ထိုင်းနိုင်ငံရဲ့ကျောက်စိမ်းရတနာဖြစ်တဲ့ ကော့စမွေ ကျွန်းလေးပဲဖြစ်သည်.......

စိမ်းမြစိုလန်းနေတဲ့သစ်ပင်သစ်အုံတွေက ဒီကျွန်းလေးရဲ့သဘာဝပတ်ဝန်းကျင်နဲ့ ဂေဟစနစ်ကို ဘယ်လိုစည်းကမ်းတကျထိန်းသိမ်းထားသလဲဆိုတာသက်သေပြသည်.......

မြင်မြင်ရာမှာအမှိုက်တစ်စ အစွန်းတစ်ခုမရှိလောက်အောင်သန့်ရှင်းစင်ကြယ်နေခြင်းဟာ ကျွန်းလေးအပေါ်မှာထားတဲ့ ကျွန်းသူကျွန်းသားတွေရဲ့ စေတနာအပြည့်နဲ့စောင့်ရှောက်မှုပင်ဖြစ်လေသည်........

နုမွဖြူဖွေးနေတဲ့သဲသောင်ပြေပြေပေါ် နေရောင်ဟပ်တော့တလတ်လတ်ဖြာနေတာများ သဲမှုန်လေး‌တွေထဲပုလဲမှုန့်လေးတွေရောနေသလားလို့ပင်ထင်မိချင်စရာ......

သဲပြင်လွလွနဲ့ ရေပြင်ပြာပြာကြားသက်တမ်းရင့် သန္တာကျောက်ဆောင်တွေကလှလှပပစည်းခြားသည်.......
သံစဉ်လေးတွေထက်ပိုနားဝင်ချို‌ စေတာဟာ လှိုင်းပုတ်သံငြိမ့်ငြိမ့်နဲ့လေတိုးသံသဲ့သဲ့လေးတွေပဲဖြစ်၏....

အစိမ်း အဖြူ အညို အပြာ.......
သဘာဝနတ်ဘုရားရဲ့ အိန္ဒြေရလွန်းတဲ့အရောင်အတွဲအစပ်ကို photographer ပေါက်စလေးဟာ camera တလွယ်လွယ်နဲ့မှတ်တမ်းတင်နေလိုက်တာများမောရကောင်းမှန်းကိုမသိတော့ချေ.....
camera man လေးရဲ့ဘေးမှာတော့ Fourth Natawat စောင့်နတ်လေးတစ်ပါးက တကပ်ကပ်နဲ့ ထပ်ချပ်မခွါလိုက်ပါနေလေရဲ့.......

"အဟွန့်....."

ကျောက်ဆောင်တစ်ခုပေါ်ကအောက်ပြန်ဆင်းဖို့အခက်တွေ့နေတဲ့ သားငယ်ကို သောင်ပြင်ပေါ်ရောက်နေပြီဖြစ်တဲ့ သားသားက ကလေးချီသလို ချီချပေးတဲ့မြင်ကွင်းလေးကြောင့် Prim သဘောကျစွာပြုံးမိတော့သည်.......

သားသားက သူ့ညီလေးကိုသိပ်ဂရုစိုက်တာ.....
ညီဖြစ်သူရဲ့မျက်နှာလေးကိုစာအုပ်လိုအမြဲတစိမ့်စိမ့်ဖတ်နေတတ်ပြီး ဘယ်အချိန်ဘာဖြစ်ချင်လဲဆိုတာကိုအသေးစိတ်ခွဲခြမ်းစိပ်ဖြာနိုင်စွမ်းရှိတာကလည်း တကယ်အံ့ဩစရာ......

ချစ်လို့ (Complete)Where stories live. Discover now