ဘဝမှာ ကိုယ့်ချစ်သူကို ကိုယ့်နိုင်ငံရဲ့ဝန်ကြီးချုပ်တစ်ယောက်နဲ့ သဝန်တိုရလိမ့်မယ်လို့ Fourth ယောင်လို့တောင်အိမ်မက်မမက်ဖူးခဲ့ပါ.......
အခုတော့ မမက်ခဲ့ဖူးတဲ့အိမ်မက်ကတကယ်လက်တွေ့ဖြစ်နေချေပြီ....ကိုကို ရယ်လေ......
တက်တဲ့တက္ကသိုလ်ချင်းမတူတာမို့ တစ်ခါတလေလေးလာတွေ့တာကို ကိုယ့်ရည်းစားလေးအကြောင်းပြောမယ်မရှိပဲ Chimon နဲ့ အသစ်တက်လာတဲ့ဝန်ကြီးချုပ်အကြောင်းလေအုပ်နေတာကြောင့် Fourth တကယ်စိတ်တိုနေပြီ......
Fourth က Siam University မှာ ဓာတ်ပုံမေဂျာယူထားပြီး Chimon ကလည်း Siam မှာပဲ နိုင်ငံရေးသိပ္ပံတက်နေတာမို့ Fourth တို့သူငယ်ချင်းနှစ်ယောက်ကမေဂျာမတူပေမယ့်အတန်းအားချိန်ဆိုမကြာခဏတွေ့ဖြစ်ကြသည်.....
တစ်ချို့ရက်တွေဆို Fourth တို့နဲ့အတူ Phi Perth ကလည်းအဖော်လာလုပ်လေ့ရှိတဲ့အပြင် အတန်းဖော်တွေကလဲဖော်ဖော်ရွေရွေရှိတာဖြစ်လို့ Fourth ရဲ့ ပထမနှစ်တက္ကသိုလ်ကျောင်းသားဘဝလေးကပျင်းရတယ်ကိုမရှိပါ.......
weekend တွေဆိုအိမ်မှာအတူတူအချိန်ကုန်ဖြစ်ကြပေမယ့် weekdays တွေဆိုအချိန်ရရင် ရသလို ကျောင်းကိုလာတွေ့တတ်တဲ့ ကိုကို့ကြောင့် Fourth မှာ အထီးကျန်ဖို့ပင်မအားပေ.......
အခုတော့အထီးမကျန်ပေမယ့် အူတို့နေရပြီ........
Fourth တို့ကျောင်းက food court မှာလေးယောက်သားမျက်နှာချင်း စ ဆိုင်ကတည်းကပြောလိုက်တဲ့ ဝန်ကြီးချုပ်ဆိုတာ ခုထိပါးစပ်ဖျားကကိုမချသေး.......
ပြောနိုင်သလောက်ပြောစမ်းပါစေ ဆိုတဲ့သဘောနဲ့ နှစ်ယောက်လုံးကိုထိုင်သာကြည့် နေလိုက်တော့သည်......
ပြီးမှ လာခေါ်ကြည့် ပြန်မထူးဘူး......
"ဝန်ကြီးချုပ်က ရုပ်ရောလူရောမိုက်တယ် တော်လည်းတော်တယ်ဆိုတာငါလက်ခံတယ်
ဒါပေမယ့်ငါကကျ သူ့ရည်းစား ဗိုလ်ကြီးကိုပိုသဘောကျတာ.....
ထောင်ထောင်မောင်းမောင်းနဲ့လုံးဝကိုယောက်ျားပီသတယ်ကွာ
ယောက်ျားဆိုတာဒါမျိုး တည်တည်ကြည်ကြည်နဲ့မှကြည့်လို့ကောင်းတာ ရာထူးကလည်းမသေးဘူး
ငါကတော့ ဝန်ကြီးချုပ်ထက်သူ့ရည်းစားကိုပိုကြွေတယ် ဟုတ်တယ်မလား Nong Fourth "
YOU ARE READING
ချစ်လို့ (Complete)
Fanfictionဘာကြောင့် ဒီလောက်အနိုင်ယူနေရတာလဲ......တဲ့ ဘယ်လောက်တောင်ရယ်စရာကောင်းလိုက်တဲ့မေးခွန်းလဲ အဖြေကရှင်းရှင်းလေးပဲ Fourth ငါ မင်းကို စောက်ရမ်း မုန်းလို့...... #Gemini Norawit Titicharoenrak ဘာကြောင့် ဒီလောက်သည်းခံနိုင်ရတာလဲ....တဲ့ ဘယ်လောက်တောင် လွယ်ကူရိုးရ...