6

1.7K 160 28
                                    

"မင်း ကိုကို မင်းကိုဘာပြောသွားသေးလဲ သား"

ဦးလေးရဲ့အမေးကို  Fourth ခေါင်းခါပြကာပြန်ဖြေလိုက်ပြီး ဖုန်း screen ကိုတစ်ချက်ဖွင့်ကြည့်လိုက်တော့ အချိန်က ည ဆယ့်တစ်နာရီပင်ထိုးလုပြီ......

ကိုယ်တိုင်လည်းဖုန်းမခေါ် အိမ်ကလူတွေခေါ်တဲ့ဖုန်းကျတော့လည်းမကိုင် ဘယ်သွားလို့သွားမှန်းလဲမသိတဲ့ ကိုကို့ ကို Fourth တို့တစ်အိမ်လုံးစိတ်ပူနေကြပြီ.......

ဒေါ်လေး Prim ဆိုလက်ချောင်းလေးတွေအချင်းချင်းဆုပ်နယ်ရင်း အိမ်တ‌ခါးဝကို တကြည့်ကြည့်နဲ့ သားအလာကိုမျှော်နေရှာတာ လည်တိုင်လေးကိုဆန့်လို့......

"တစ်နေရာရာသွားမယ်များပြောသွားသေးလား Fourth"

သက်ပြင်းချရင်း ခေါင်းခါပြရပြန်တာပါပဲ.......
ကိုကို တစ်ယောက်ဟာ ဘယ်များသွားနေသလဲမသိ......
ပြန်လာရင်တော့ဆူခံထိတော့မှာ........

ခေါင်းကိုဖွဖွခါယမ်းပြီးသက်ပြင်းတစ်ချက်ချကာ ကိုကို့ အပေါင်းသင်းတွေရဲ့ instagram account တွေထဲကို Fourth တစ်ခုဝင်တစ်ခုထွက်လိုက်ကြည့်နေမိတော့သည်......

တစ်ခုခုများသိ‌လိုသိငြားပေါ့......

"1-0....ကျေးဇူးပဲ Gemini"

ကိုကို့ သူငယ်ချင်းတစ်ယောက်တင်ထားတဲ့ story မြင်လိုက်တော့မှ Fourth မျက်ခုံးပင်မိသွားရတော့သည်.........

တွေ့ပါပြီ........ဘောလုံးကွင်းရဲ့မြက်ခင်းစိမ်းစိမ်းပေါ်ဒူးထောင်ပေါင်ကားထိုင်ရင်း post အမျိုးမျိုးပေးနေကြတဲ့ လူဆယ်ယောက်လောက်ကြားထဲမှာ မျက်မှောင်ကြီးကျုံ့ပြီးတော့ camera ကိုပြန်စိုက်ကြည့်နေတဲ့အိမ်ကဆရာကြီး.......

သူများရပ်ကွက်ကကွင်းထဲ နယ်ကျော်ပယ်ကျော်နဲ့ဘောလုံးသွား ကန်နေတာကိုး.......
အဲ့ဒါကြောင့်ဘယ်မှာမှရှာမတွေ့တာ.....

"သားသားက ဖုန်းလဲမကိုင်ဘူး Tong ‌ရယ်
ဆိုင်ကယ်တွေဘာတွေများ လဲပြုနေမှဖြင့်ဒုက္ခ"

ဧည့်ခန်းထဲက ဆိုဖာပေါ်မှာ ကျုံ့ကျုံ့လေးထိုင်နေတဲ့ ဒေါ်လေးကငိုသံဝဲဝဲနဲ့စကားဆိုလာတော့ ဒေါ်လေးဘေးမှာထိုင်နေတဲ့ ဦးလေး Tong က လက်ဖဝါးအချင်းချင်းတစ်ချက်ပွတ်သပ်လိုက်ပြီး ဒေါသသံတစ်ဝက်နဲ့ပြန်ဖြေသည်....

ချစ်လို့ (Complete)Where stories live. Discover now