8

2K 179 59
                                    

"Fourth...."

"...…..…."

"Fourth...."

"အွန်"

"မွှေပဲမနေနဲ့သေသေချာချာစားလေ"

မနက်စာ စားပွဲမှာ စ ထိုင်တဲ့အချိန်ကတည်းကစိတ်နဲ့လူနဲ့မကပ်သလိုဖြစ်နေတဲ့ Fourth ကို Gem သတိထားမိတာကြောင့် သေသေချာချာအကဲခတ်နေတာကြာပြီ......

Gem ထမင်းစားခန်းထဲဝင်လာတာ မြင်လိုက်ထဲက တစ်ချိန်လုံးငုံ့ထားလိုက်တဲ့ခေါင်းဟာ ပြန်ကိုဖော်မလာတော့......

ဂယောက်ဂယက်တွေဖြစ်နေပုံများ ကွေ့တီယိုကို ဟုတ်တိပတ်တိမစားပဲ ဇွန်းနဲ့ပတ်မွှေနေတာကို မေမေ ကထပြောတော့မှပဲ သူ့ကိုယ်သူ သတိထားမိတဲ့ပုံ......

ခါတိုင်းသွေးရောင်သန်းနေတဲ့ပါးပြင်တွေက ဒီနေ့ကျမှဖြူဖျော့နေပြီး လူကလဲ ခနော်နီနော်နဲ့......
ဖွေးဆုတ်ပျော့ခွေနေလိုက်တာစက္ကန့်ပိုင်းအတွင်းကျတော့မယ့်သစ်ရွက်ခြောက်လေးတစ်ရွက်လိုပဲ....

မနေ့ကကိစ္စကိုအကြောက်လွန်သွားတာများလားမသိ......

‌ဖျတ်ခနဲမော့ကြည့်လာတဲ့မျက်ဝန်းတွေက အကဲခတ်စိုက်ကြည့်နေတဲ့ Gem ရဲ့မျက်ဝန်းတွေနဲ့ဆုံသွားလေ‌တော့ ချက်ခြင်းပြန်လည်ငုံ့လျှိုးသွားတဲ့ မျက်နှာဖွေးဖွေးဟာ ကယောင်ခြောက်ခြားနိုင်လွန်းလှတာကို Gem ခံစားလိုက်မိလေသည်......

လေးပင်သွားတဲ့စိတ်နဲ့အတူ ရင်ဘတ်တစ်ခုလုံး အုံ့ခဲသွားကာ လူကနေလို့မကောင်းတော့ပေ......
မုန်းတာမှန်ပေမယ့် ဒီလို သွေးပျက်ခြောက်ခြားနေတဲ့အခြေအနေထိဖြစ်သွားစေဖို့ Gem မရည်ရွယ်ခဲ့ရိုးအမှန်.......

"ဝပြီလားသား စားအုန်းလေ"

💬ဝပါပြီဦးလေး.....သားကျောင်းမှာစာကူးရအုံးမှာမလို့အရင်သွားနှင့်ပါတော့မယ်ခင်ဗျ.....

"ဟုတ်လား နေရောကောင်းရဲ့လားကွာ မျက်နှာကလဲဖြူဖျော့ဖျော့ဖြစ်နေသလားလို့"

💬ကောင်းပါတယ်ခင်ဗျ....သွားပါတော့မယ်

"အေးပါ ဆိုင်ကယ်ကိုဂရုစိုက်မောင်းသွားနော်"

"အွန်း"

"သားသား"

"ဗျာ....ဖေဖေ"

ချစ်လို့ (Complete)Where stories live. Discover now