ယောက်ျားကြိုက်တော့ ဆိုက်ဆိုက်လာ
မိန်းမကြိုက်တော့ မျှော်လိုက်တာ......တဲ့ကြိုက်တယ်ဆိုတာထက် အဆပေါင်းထောင်သောင်းမက မြတ်နိုးတွယ်တာမိတဲ့အခါ မိန်းကလေးတစ်ယောက်မဟုတ်သည့်တိုင် Fourth ဟာ သောကြာနေ့ညနေတိုင်း အဆောင်ကနေအိမ်အထိ ဆိုင်ဆိုက်မြိုက်မြိုက်ပြန်လာမယ့် ကိုကို့ ကို ရွှေလည်တိုင်ခွေယိုင်ကျိုးမတတ်မျှော်ရပါသည်.......
M_5 တစ်နှစ်ပြီးလို့ M_6 စာသင်နှစ်တောင်တစ်ဝက်ကျိုးလာခဲ့ပေမယ့် ကိုကို မရှိတဲ့တစ်မိုးအောက်မှာ Fourth အတွက်တော့လွမ်းဆွတ်ရခြင်းတွေဟာ နေသားကျဖို့ခက်လွန်းလှသည်......
ပွေ့ပိုက်ချီပိုးပေးမယ့်လက်မောင်းတွေမရှိတဲ့အခါ စာကြည့်ခန်းလေးကအရင်ကလောက်အိပ်ငိုက်ချင်စရာမကောင်းတော့ပေ.....
စာလုပ်နေရင်းကအထီးကျန်လာတဲ့အခါ ကိုကို စိတ်ရှည်လက်ရှည်ရှင်းပြနေကျ သင်္ချာပုစ္ဆာတွေသာ Fourth အတွက်နှစ်သိမ့်ရာဖြစ်လာသည်......
"သုံးဇွန်းပဲစားရမယ်နော်".....လို့တားမြစ်တတ်တဲ့အသံဩဩလေးကိုလွမ်းတဲ့အခါ Fourth မှာ Oreo ice cream ခွက်လေးအရည်ပျော်သွားတဲ့အထိ တစ်စိမ့်စိမ့်ငေးကြည့်ရင်း လွမ်းတဲ့စိတ်ကိုကြိတ်မှိတ်ဖြေရသည်.......
အသည်းအသန်သတိရမိတဲ့ညနေတွေဆို ကုန်းကျော်တံတားလေးကိုအရှေ့အနောက်အခေါက်ရေပေါင်းများစွာလျောက်ရင်း ကိုကို့ နှုတ်ခမ်းလေးတွေသိပ်နူးညံ့ကြောင်း အဖန်တစ်ရာတေအောင်ပြန်တွေးမိတာ အထပ်ထပ်အခါခါပင်.....
ကိုကို့ ကိုလွမ်းတိုင်း Fourth တစ်ယောက် စာပိုလုပ်ဖြစ်တဲ့အကြောင်းကိုဖြင့်
ခရေပင်အောက်ကသစ်သားခုံလေးတွေတော့ သိကောင်းသိကြမည်ထင်ပါသည်.....ဘာပဲဖြစ်ဖြစ်ဒီညနေတော့ ကိုကို နဲ့တွေ့ရတော့မည်......
ဒီနေ့က Fourth အရမ်းကြိုက်တဲ့သောကြာနေ့.....🎶🎶🎶🎶🎶.......
ရုတ်တရက်မြည်လာတဲ့ဖုန်းသံလေးကြောင့် Fourth ရဲ့အတွေးစတွေပျတ်တောက်သွား၏.....
ဒီနံပါတ်တစ်ခုထဲအတွက်သီးသန့် ringtone ထည့်ထားတာမို့ Taylor swift ရဲ့ crazier သီချင်း chorus အပိုဒ်လေးကြားလိုက်တာနဲ့ ကိုကို့ ဖုန်းမှန်း Fourth တန်းသိပါသည်.......
![](https://img.wattpad.com/cover/357210629-288-k246508.jpg)
YOU ARE READING
ချစ်လို့ (Complete)
Fanfictionဘာကြောင့် ဒီလောက်အနိုင်ယူနေရတာလဲ......တဲ့ ဘယ်လောက်တောင်ရယ်စရာကောင်းလိုက်တဲ့မေးခွန်းလဲ အဖြေကရှင်းရှင်းလေးပဲ Fourth ငါ မင်းကို စောက်ရမ်း မုန်းလို့...... #Gemini Norawit Titicharoenrak ဘာကြောင့် ဒီလောက်သည်းခံနိုင်ရတာလဲ....တဲ့ ဘယ်လောက်တောင် လွယ်ကူရိုးရ...