မနေ့ညက ပြင်းပြင်းထန်ထန်အဆူခံထားရတဲ့အပြင် ဒီနေ့ ကျောင်းကိုပါ တစ်ကားထဲစီးပြီးအတူတူသွားနေရတာကြောင့် ကားနောက်ခန်းထဲကျုံ့ကျုံ့လေးထိုင်ရင်းလိုက်ပါလာတဲ့ ဂြိုလ်သားကိုကြည့်ကာ Gem မှာ မျက်စောင်းတထိုးထိုး......
ဒီကောင်လေးနဲ့ Gem တကယ်မရင်းနှီးချင်ပါ.......
Gem စီက ဖေဖေ့ကိုလုယူသွားတဲ့အပြင် မေမေနဲ့ဖေဖေ့ကိုပါ စိတ်ဝမ်းကွဲစေတဲ့ Fourth Natawat က ဘယ်ရှုထောင့်ကကြည့်ကြည့် Gem အတွက်တော့မနှစ်မြို့စရာ.....
နောက်ခန်းထဲမှာထိုင်နေတဲ့ဂြိုလ်သားကို Gem မျက်ထောင့်နီနဲ့လှမ်းကြည့်လိုက်တော့ Gem ကိုမဝံ့မရဲပုံစံနဲ့ပြန်ကြည့်လာတဲ့ မျက်လုံးဝိုင်းဝိုင်းတွေ.......
အမြဲတမ်းအားငယ်ရိပ်သန်းပြီး အသနားခံသလိုလိုနဲ့ Gem ပိုင်ဆိုင်သမျှမေတ္တာတွေကိုလုယူဖို့ကြိုးစားနေတဲ့မျက်လုံးတွေ......Gem လုံးဝသဘောမကျပါ.......
မျက်လုံးချင်းဆုံအောင်ကြည့်နေရင်းက မျက်မှောင်တစ်ချက်ကျုံ့ပစ်လိုက်တော့ ချက်ခြင်းငုံ့ကျသွားတဲ့ခေါင်းကြောင့် Gem ကျေနပ်သွားသည်.....
ဟုတ်တယ်.....အမြဲတမ်း ခေါင်းကိုအဲ့လိုပဲငုံ့ထား.....
"ညီလေး ကို ထပ်ပြီးအနိုင်မကျင့်ရဘူးနော် သားသား"
စိတ်မချသလိုထွက်ပေါ်လာတဲ့ ဖေဖေ့ရဲ့အသံက Gem ရဲ့ဒေါသမီးတောက်အပေါ် တစ်စက်ချင်းလောင်းချပေးနေတဲ့လောင်စာတွေလို ရင်ကိုတစ်မြေ့မြေ့ပူလောင်စေသည်.....
"ဖေဖေပြောနေတယ်လေ သားသား"
"ဟုတ်ကဲ့ဖေဖေ"
ဒုတိယအကြိမ်ထွက်ပေါ်လာတဲ့စကားသံကြောင့် Gem စိတ်မပါစွာခေါင်းညိတ် ဖြေလိုက်သည်.......
အနိုင်မကျင့်စေချင်ရင် သား နေရာကိုသူ့ကိုခွဲမပေးနဲ့ပေါ့ဖေဖေ.....
နှုတ်ကထုတ်မပြောပေမယ့် Gem ဒီကောင်လေးကို ဘယ်လောက်တောင်မှသဘောမကျလိုက်သလဲဆိုတာ ဖေဖေလည်းသိမည်ထင်ပါသည်....
နောက်ကြည့်မှန်ကိုအကြည့်ပို့လိုက်တော့ ဖေဖေ့ရဲ့ကျောပြင်ကိုအားကိုးတကြီးလှမ်းကြည့်နေတဲ့မျက်ဝန်းတွေနဲ့ပက်ပင်တိုးတာမို့ အလိုမကျစိတ်တွေက ရင်ထဲကိုအလုံးလိုက်စောင့်ဝင်လာပြန်သည်.......
![](https://img.wattpad.com/cover/357210629-288-k246508.jpg)
YOU ARE READING
ချစ်လို့ (Complete)
Fanficဘာကြောင့် ဒီလောက်အနိုင်ယူနေရတာလဲ......တဲ့ ဘယ်လောက်တောင်ရယ်စရာကောင်းလိုက်တဲ့မေးခွန်းလဲ အဖြေကရှင်းရှင်းလေးပဲ Fourth ငါ မင်းကို စောက်ရမ်း မုန်းလို့...... #Gemini Norawit Titicharoenrak ဘာကြောင့် ဒီလောက်သည်းခံနိုင်ရတာလဲ....တဲ့ ဘယ်လောက်တောင် လွယ်ကူရိုးရ...