ကမ္ဘာပိုင်သည်အမိမြေကိုခြေချပြီးသည်နောက်
ရန်ကုန်လေဆိပ်ကနေ မန္တလေးတံတားဦးလေဆိပ်ကိုတဆက်တည်းလေယာဥ်စီးလာခဲ့ရသည်။ ပင်ပန်းသလိုဖြစ်ပေမဲ့
မိသားစုကလာကြိုပေးတာမလို့
တွေ့တွေ့ခြင်းလန်းဆန်းသွားမိသည်။"ကြိုဆိုပါတယ် သားကြီးရုန်ရုန်း"
daddy.... ပါပါး ....ညီလေးကမ္ဘာဗိုလ်
နောက် ဦးဦးစက်သီဟက
ကိုယ့်ကိုတွေ့သည်နှင့် စီးကြိုပွေ့ဖက်ကာနှုတ်ဆက်ကြသည်။"ကလေးလေးဖျားလို့ဆိုအိမ်မှာနေခဲ့တာ
မဟုတ်ဘူး..... သက်သာပြီလား""တစ်ပတ်လောက်အိမ်ထဲအောင်းနေရတာ
ပျင်းလာပြီကိုကိုရာ ကိုကို့ကိုကြိုဖို့
လိုက်ခဲ့လိုက်တာ""ရုန်ရုန်းလေး ဦးဦးကိုအိတ်ပေး"
"သားဘာသာဆွဲလာပါ့မယ်ဦးဦး
ဦးဦးဒွန်းရောဟင်""ညနေကြမှ ရုန်ရုန်းလေးကိုနှုတ်ဆက်မယ်ပြောတယ် လုပ်ငန်းကိစ္စမပြတ်သေးလို့လိုက်မလာခဲ့ဘူး"
လေဆိပ်ရှိကားထားရာနေရာအရောက်
ခရီးဆောင်အိတ်ကိုကားနောက်ဖုံးခန်းထဲထည့်လိုက်ပြီး daddyကဦးဦးစက်သီဟန်ရှေ့ခန်းမှာထိုင်ကာ နောက်ခန်းမှာပါပါးရယ်
ညီလေးကမ္ဘာဗိုလ်ရယ် ကိုယ်ရယ်ထိုင်ကာ
ကမ္ဘာဗိုလ်မေးလာသမျှမမောတမ်းဖြေနေရတော့သည်။ပါပါးပြောပြထားလို့ကမ္ဘာဗိုလ်ချစ်သူရနေပြီဆိုတာသိထားပေမဲ့ မေးခွန်းမထုတ်သေးပေ။
daddyနဲ့ပါပါးအနားမရှိချိန်ကြမှ
ညီအကိုနှစ်ယောက်စကားပြောရမည်ဟုတွေးထားလိုက်သည်။ဦးဇွဲကလာကြိုမယ်ပြောထားပေမဲ့
ဝန်ကြီးချုပ်ရုံးမှာကိစ္စတစ်ခုဖြေရှင်းနေရလို့
လာမကြိုနိုင်ဘူးဆိုပြီးဖုန်းဆက်ခဲ့သည်။
ဘာကိစ္စလဲမေးရာပြန်မဖြေပေ။ကမ္ဘာဗိုလ်မေးသမျှပြန်ဖြေရင်း မန္တလေးရဲ့အငွေ့အသက်ကိုခံစားကာ ဇာတိမြေကို
အတိုးချအလွမ်းသည်ရတော့သည်။"ကဲ မောင်ကမ္ဘာဗိုလ် မမောဘူးလား
သားရဲ့ကိုကိုအေးဆေးနေပါ့စေ""မေးပါ့စေ ပါပါး ကလေးလေးက
သားကို အတိုးချအလွမ်းသည်နေတာ
ဟုတ်လား"
YOU ARE READING
ရှင်သန်ခြင်း၏အဓိပ္ပါယ် (S_2) (Completed)
FantastikSemeအလှလေးအဖြစ် ဖန်တီးထားတာပါ Semeအလွေလးအျဖစ္ ဖန္တီးထားတာပါ