Ep_4 (uni)

3.6K 146 23
                                    

"ကိုကိုရေ သားကိုကယ်ပါဦး ဟင့်"

ကမ္ဘာဗိုလ်သည် ထိတ်လန့်နေတုန်း
ခွေးကထိုးဟောင်နေသည့်အပြင်
ပြေးကိုက်တော့မည့်အရိပ်အယောင်ကြောင့်
ကိုကို့ဆီပြေးပြီး ကိုကို့လက်မောင်းကိုအမိအရ
ဆုပ်ကိုင်ထားလိုက်သည်။

"မကိုက်ပါဘူးဟ ကြောက်မနေနဲ့"

ကိုယ့်လက်မောင်းကို အားကိုးတကြီး
ကိုင်ပြီးအကူညီတောင်းလာသည့်
ကောင်လေးကိုကြည့်ပြီး မာန်သမိုင်း
ရယ်ချင်မိသည်။

"တကယ်လာကိုက်ရင်ရော ကိုကို"

"မကိုက်ဘူး ရွှတ် ရွှတ် အောင်နက်"

လက်ဖျောက်တီးပြီးအသံပေးလိုက်ရာ
ကိုယ့်ကိုမှတ်မိနေသည့် အောက်နက်က
အမြှီးကုတ်ကာငြိမ်သွားသည်။

"တွေ့လား အောင်နက်လို့သာခေါ်လိုက်"

"သားက ခွေးကြောက်တယ် ကိုကိုရ
သားငယ်ငယ်တုန်းက ခွေးကိုက်ခံရဘူးတယ်"

"ခွေးမကိုက်ခံရဘူးတဲ့လူရှိလို့လား"

"သားက ကြောက်လို့"

."မင်းအိမ်ကစိတ်ပူနေမယ် ပြန်တော့"

"ဟိုလေ သားကိုလိုက်ပို့ပါလား ကိုကို"

"ငါမအားဘူး"

"လုပ်ပါ ကိုကိုရာ သားကြောက်လို့ပါနော်
သားနောက်ကို ခေါင်းပျက်သရဲလိုက်လာရင်
အဲနေရာတင် သေမှာ ဟင့်"

မာန်သမိုင်းသည် ကိုယ့်ကို မော့ကြည့်ပြီး
ငိုရင်းစကားပြောလာသည့်ကောင်လေးကို
သနားစိတ်ဝင်မိပြန်သည်။
ကြောက်တယ်ဆိုတာ လိမ်ပြောနေပုံမရပါ။
ကိုယ်နောက်လိုက်သည့် ကိစ္စမလို့မတတ်သာ
သည့်အဆုံး လိုက်ပို့ရတော့မည်။

"ဒါဆိုခဏ ငါဆေးလိပ်သောက်ချင်နေပြီ
ဆေးလိပ်ဝယ်မယ့်ဆိုင် မင်းလိုက်ခဲ့
ပြီးရင် လိုက်ပို့မယ်"

"ဟုတ် ကိုကို"

ကိုကိုက ဆိုင်တစ်ဆိုင်ကနေ ဆေးလိပ်ဘူးတစ်ဘူးဝယ်ပြီး ဆေးလိပ်တစ်လိတ်ထုတ်ကာ
နှုတ်ခမ်းမှာတေ့ပြီး မီးညှိလေသည်။
ဆေးလိပ်ကို လက်ကြားညှပ်၍ ရဲနေအောင်
ရှိုက်ဖွာလိုက်ပြီး ပြန်ပြီးမှုတ်ထုတ်လိုက်သည်။
ကိုကိုဆေးလိပ်သောက်နေသည့် ပုံစံက
မိမိုက်လွန်းပြန်သည်။

ရှင်သန်ခြင်း၏အဓိပ္ပါယ် (S_2) (Completed)Where stories live. Discover now