Ep_26 (uni)

2K 76 6
                                    

"စိတ်ချပါကိုကို သားအဆင်ပြေပါတယ်"

ဦးဦးရာသစ် အိမ်ထဲဝင်သွားပြီး
ကိုကိုအနားရောက်လာကာ ကိုယ့်ဘေးမှာ
တိတ်တိတ်လေးထိုင်ပေးနေသည်။
ဦးဦးရာသစ်နဲ့ပြောခဲ့သလို့ အမုန်းနွံထဲကနေ
ရုန်းထွက်ဖို့ ဆုံးဖြတ်လိုက်သည်။

ကမ္ဘာဗိုလ်သည်  ကိုယ့်အမှားလုံးဝမရှိဘူး
တွေးမိပြီး ပြတ်သားသည့်ဆုံးဖြတ်ချက်နှင့်အတူ
တချိန်လုံးကိုယ့်ကိုထိုင်ကြည့်နေသည့်
ကိုကို့ကိုအဆင်ပြေကြောင်းပြောပြလိုက်သည်။

"အသက်ကလေးထိုင်နေတာ
ညောင်းနေတော့မှာပဲ အိမ်ထဲဝင်ရအောင်"

"မညောင်းပါဘူးကိုကို သားရဲ့စိတ်ကို
ပြုပြင်နေတာ အဆင်ပြေပါတယ်"

"ထ ကိုကိုနဲ့အိမ်ထဲဝင်ရအောင်"

"ခဏ ကိုကို"

အသက်ကလေးရဲ့လက်ကိုကိုင်၍
ထစေလိုက်ပေမယ့် အသက်ကလေးက
ကိုယ့်လက်ကိုပြန်ကိုင်လာတာမလို့
ထိုင်နေသည့်အသက်ကလေးရှေ့
ငုတ်တုတ်ထိုင်ပြီး အသက်ကလေးကိုမော့ကြည့်လိုက်သည်။

"ပြောစရာရှိလို့လား အသက်ကလေး"

"သားက ကိုကိုနဲ့ထိုက်တန်ရဲ့လား
သားနဲ့လက်ထပ်ပြီး ဘဝတစ်ခုထူထောင်ချင်သေးရဲ့လား"

"ကိုကို့အချစ်တွေကို မြူမှုန်စာလောက်တောင်
သံသယမဝင်စေချင်ဘူး အသက်ကလေး"

"သားက ခုကိစ္စကြုံထားတောင်မှာလား
ကိုကို"

"!တော်တော့အသက်ကလေး အဲကိစ္စမေ့လိုက်တော့ ခဏခဏအစဖော်နေရင်
ကိုကိုတကယ်စိတ်ဆိုးတော့မှာ"

ကမ္ဘာဗိုလ်နဲ့အထိုက်တန်ဆုံးက ချွင်းချက်မရှိ
ကိုကိုဖြစ်သည်လို့ ခံယူမိသည်။
ကိုယ့်ရှေ့ငုတ်တုတ်ထိုင်ပြီး
ကိုယ့်ကိုမော့ကြည့်နေသည့် ကိုကို့ကို
အပေါ်စီးကနေဖက်ထားလိုက်သည်။

"ကိုကိုသာ သားကိုထားသွားရင်
အသက်ရှင်ချင်စိတ်ပျောက်ဆုံးမှာ
သေချာတယ်"

"ကိုကိုက အသက်ကလေးကိုဘာလို့ထားခဲ့ရမှာလဲ အသက်ကလေးသာ ကိုကို့လက်ကိုကိုင်ထား
အသက်ကလေးဘေးမှာ ပါရမီဖြည့်ဖို့ဆုံးဖြတ်ထားပြီးသား
အသက်ကလေးကို တစိမ်းတစ်ယောက်လိုသဘောမထားဘူး ကိုကို့ရဲ့အသက်ကလေးမလို့
ဘာတွေဖြစ်လာဖြစ်လာ အတူရင်ဆိုင်ဖို့ဆုံးဖြတ်ပြီးသား"

ရှင်သန်ခြင်း၏အဓိပ္ပါယ် (S_2) (Completed)Where stories live. Discover now