Ep_5 (zg)

886 6 0
                                    

သူရခန့်ဗိုလ်သည် ခြံထဲဆင်းပြီး
တယုတယစိုက်ပျိုးထားသည့်
နှင်းဆီပန်းအပင်တွေကို  ကြည့်နေမိသည်။
နှင်းဆီးအပင်ကနေ နှင်းဆီပန်းတွေ
လှပအောင်ပွင့်ဖို့မြေသြဇာထည့်ရတယ် ရေလောင်းရတယ်အပွင့် ပွင့်တဲ့ဆေးဖြန်းပေးရတယ်။

နှင်းဆီးပန်းတွေလှပအောင်ပွင့်လှစေဖို့
စိတ်ရှည်လက်ရှည် ပျိုးခဲ့ရသေးတာဘဲ
ကိုယ်မွေးထုတ်ထားတဲ့ သားကို စိတ်မရှည်ဖြစ်နေမိပြီလားဟု ကိုယ့်ဘာသာစဉ်းစားမိလိုက်သည်။

သူရခန့်ဗိုလ်သည် သားအရွယ်လောက်တုန်းက ဖေဖေ့အပေါ်ရိုင်းပြမိခဲ့တာပွနျတှေးမိတော့
သားက ကိုယ့်လိုရိုင်းပြတဲ့ကလေးမဟုတ်ဘူးလို့တွေးမိပြန်သည်။
သားကိုအပြစ်မတင်မိပါ ကိုယ်အသုံးမကျလို့
သားကလိမ်ပြောလာတာ ဘယ်သူမှမသိအောင်အပြင်ခိုးထွက်တာ အသုံးမကျတာ
ကိုယ်တိုင်ဆိုတော့ မိဘအနေဖြင့်
သားအတွက်စိတ်မကောင်းဖြစ်မိရသည်။

သားကို ဒီကရှေ့လျှောက် ဘာဖြစ်ချင်လဲ
ဘာလုပ်ချင်လဲသေချာမေးပြီး ဘေးကနေထိမ်းကျောင်းမှဖြစ်မယ်လို့ ဆုံးဖြတ်ထားလိုက်သည်။

"ဗိုလ်"

"ဟုတ်"

"စိတ်ညစ်မနေနဲ့ကွာ သားက"

"ကျွန်တော်နားလည်တယ် သားကိုအပြစ်မတင်ဘူး ကိုယ့်ကိုယ်ကိုသာအပြစ်တင်နေတာပါ"

"စိတ်မကောင်းမဖြစ်နဲ့နော် သားက
လိမ္မာတဲ့ကလေးတစ်ယောက်ပါ"

"မိဘကိုမပြောရဲဘဲ အပြင်ခိုးထွက်တာ
မပြောရဲအောင်လုပ်မိတဲ့ ကျွန်တော်ကသာအပြစ်ရှိတာပါ"

"အိမ်ထဲဝင်ရအောင် စိတ်ညစ်စရာတွေမတွေးတော့နဲ့ သားကို ဘယ်လိုထိမ်းကျောင်းမလည်းသာ တွေး"

"ကမ္ဘာဗိုလ်အိပ်နေပြီလား ဦးထွဋ်"

"အိပ်နေပြီ ဗိုလ် အပြက်ထွက်သွားတာကြာနေလို့
လိုက်ရှာနေတာ ခြံထဲဆ​င်းကြည့်မှတွေ့လို့လေ
အိပ်ထဲဝင်ရအောင်"

"သားအတွက် စိတ်မကောင်းဖြစ်မိလို့
ကျွန်တော့်အမှားတွေတွေးရင်း
ဒီနားနေမိတာ"

"မိဘနဲ့သားသမီးဆိုတာ ဒီလိုပါပဲ"

အခန်းထဲပြန်ရောက်တော့ သားကအိပ်ပျော်နေပြီ
ကိုယ်လည်းအိပ်ချင်နေပြီမလို့ သားရဲ့ဘေး
ဝင်လှဲကာ အိပ်လိုက်သည်။

ရှင်သန်ခြင်း၏အဓိပ္ပါယ် (S_2) (Completed)Where stories live. Discover now