"အစ်ကိုသိင်္ခထိုင်ပါခင်ဗျ
အိမ်အထိလိုက်ပို့ပေးတဲ့အတွက်ကျေးဇူးပါခင်ဗျာ""ရုန်ရုန်းရောထိုင် ကျောက်စိမ်းတုံးတစ်တုံးမှာအရည်အသွေးပြည့်ဝတဲ့ကျောက်စိမ်းဘယ်လိုဆိုတာပြောပြပေးမယ်"
ကျောက်စိမ်းအရှင်သခင်က ခုံးမှာဝင်ထိုင်ရင်း
ကိုယ့်ကိုပါထိုင်ဖို့ပြောလာတာမလို့ အစ်ကိုသိင်္ခဘေးမှာဝင်ထိုင်လိုက်သည်။
သူ့ဆီကနေဝယ်ထားသည့်အရိုင်းတုံးတစ်တုံးကိုစားပွဲခုံပေါ်တင်လိုက်ပြီးနောက်
ကျောက်ကြည့်ဓာတ်မီးထုတ်ကာ
ကျောက်စိမ်းအရိုင်းတုံးပေါ်မီးဖွင့်၍
ထိုးပြလာသည်။"သာမာန်မျက်လုံးနဲ့ကြည့်ရင်မမြင်နိုင်တဲ့
အရည်ကိုကျောက်ကြည့်ဓာတ်မီးနဲ့ကြည့်လို့ရတယ် နေရောင်ရှိရင်နေရောင်ခြည်ကိုသုံးပြီးကြည့်လို့ရတယ်""မသိရင်ရိုးရိုးကျောက်တုံးနော် အစ်ကို
ဓာတ်မီးနဲ့ထိုးကြည့်မှအရည်လဲ့နေတာတွေ့ရတယ်""ကမ္ဘာပေါ်မှာကျောက်စိမ်းထွက်တဲ့မြို့ကသုံးမြို့ပဲရှိတာ အမေရိကန်နိုင်ငံမှာရှိတဲ့တက္ကဆက်မြို့ရယ် တရုတ်ပြည်မှာရှိတဲ့ကွမ်ကျိုးပြည်နယ်ရယ်
မြန်မာနိုင်ငံမှာရှိတဲ့ကချင်ပြည်နယ်ရယ်
အမေရိကန်ကထွက်တဲ့ကျောက်စိမ်းနဲ့
တရုတ်ပြည်နယ်ကထွက်တဲ့ကျောက်စိမ်းက
မြန်မာနိုက်ငံကထွက်တဲ့ကျောက်စိမ်းအရည်အသွေးကိုမမှီဘူး မြန်မာနိုင်ငံကထွက်တဲ့ကျောက်စိမ်းက ကမ္ဘာပေါ်မှာအရည်အသွေးအကောင်းဆုံးကျောက်စိမ်း ရုန်ရုန်း""ဒါကြောင့်မြန်မာနိုင်ငံရဲ့ကျောက်စိမ်းဈေးကွက်ကနာမည်ကြီးတာကိုး ဗဟုသုတမျှဝေပေးတာ
ကျေးဇူးပါခင်ဗျာ ""အစ်ကိုပြပေးသလိုပုံစံမျိုးနဲ့ငါ့ညီ
ကျောက်စိမ်းလောကထဲဝင်ဖို့ပညာလိုသေးတယ်
သေချာလေ့လာပေါ့ကွာ
ကျောက်လောကမှမဟုတ်ဘူး ဘာလုပ်ငန်းလုပ်လုပ် နောက်ခံအင်အားတောင့်ရုံ
အရင်းအနှီးတတ်နိုင်ရုံနဲ့စီးပွားရေးလောကထဲဝင်လို့မရဘူး ကိုယ်ကိုယ်တိုင်ကအရည်အချင်းရှိနေမှ"ကျောက်စိမ်းအရှင်သခင်နဲ့တွေ့ဆုံရတာ
ကမ္ဘာပိုင်အတွက်ကံကောင်းခြင်းတစ်ခုလို့မှတ်ယူမိသည်။အစ်ကိုသိင်္ခက ကျောက်စိမ်းရိုင်းတစ်တုံးကိုဝယ်ယူပြီးဘယ်လိုအသုံးချလို့ရတာတွေပါပြောပြပေးသည်။ကျောက်စိမ်းကမှော်ဝင်ကျောက်လို့တောင်ပြောလို့ရသည်။
ကျောက်တူးသမားတိုင်းကျောက်အောင်ချင်ကြတာအိမ်မက်တစ်ခုဖြစ်ရုံသာမက
အောင်ပြီးသားကျောက်မှန်းမသိပဲ
ဈေးနည်းနည်းနဲ့ရောင်းချမိကြတာတွေရှိတယ်လို့ပြောပြသေးသည်။
YOU ARE READING
ရှင်သန်ခြင်း၏အဓိပ္ပါယ် (S_2) (Completed)
FantastikSemeအလှလေးအဖြစ် ဖန်တီးထားတာပါ Semeအလွေလးအျဖစ္ ဖန္တီးထားတာပါ