"ကိုကို"
"ဘာဖြစ်ပြန်ပြီလဲ"
"ကိုကို့တို့အိမ်မှာလေ အသီးနီနီအလုံးတွေ
တွေ့ခဲ့တယ် အဲ့ဒါဘာသီးလဲဟင်"ကမ္ဘာဗိုလ်မေးတဲ့အသီးကို မာန်သမိုင်းတန်းသိလိုက်သည်။ရပ်ကွက်ထဲကလူတွေ အိမ်မှာ
အဲ့အသီးသီးတိုင်း လာတောင်းကြသည့်
ကတ္တီပါအသီးကိုပြောနေခြင်းဖြစ်သည်။
မာန်သမိုင်းသုံးနှစ်သားအရွယ်ကတည်းက
ဖေဖေ စိုက်ထားသည့်အပင်ဖြစ်လို့ သက်တမ်းအတော်ရင့်နေပြီပြောရမည်။ကတ္တီပါအသီးရဲ့အရသာက မှည့်လို့မြေပြင်ပေါ်ကြွေကျမှစားကောင်းသည့်အမျိုးဖြစ်သည်။
အပင်ကခူးစားရင် ဖန်တန်တန်အရသာဖြစ်သလို
ခူးပြီးအမှည့်ခံရင် ရေနာသလိုဖြစ်တာများသည်။ရင်ခွင်ထဲရှိနေဆဲကမ္ဘာဗိုလ်ကို ဖယ်ထုတ်လိုက်ပြီး
မြေကြီးပါ်ကြွေနေလား ကြည့်ပေးဖို့
ကုတင်ပေါ်ကဆင်းကာ ပုဆိုးပြင်ဝတ်လိုက်သည်။"လိုက်မှာလား လိုက်ခဲ့"
ကမ္ဘာဗိုလ်သည် ကိုကို့နောက်လိုက်ခဲ့ပြီး
ကိုကိုဘာလုပ်မှာလဲဆိုတာ စိတ်ဝင်စားနေမိသည်။ကိုကိုက ကမ္ဘာဗိုလ်ပြောလိုက်သည့်အပင်ကြီးရှေ့ရပ်ကာ တစ်ခုခုကိုရှာလေသည်။"ကြွေမှစားကောင်းတာ ကမ္ဘာဗိုလ်ရ"
"မှည့်နေပြီဟုတ်ဘူးလား ရဲတောက်နေတာ
ကိုကိုကလည်း""ကတ္တီပါသီးပါဆို ကတ္တီပါအရောင်မလို့ရဲနေတာ မမှည့်ဘူး အိစိစိအနေအထားမှစားလို့ရတာ"
ကိုကိုပြောတဲ့အပင်က တအားမမြင့်ဘူး
အရပ်ရှည်သည့်ကိုကိုက အသီးတွေကိုတစ်လုံးပြီးတစ်လုံးကိုင်ကြည့်ကာစမ်းကြည့်ပေးသည်။"ကိုကို ဟိုအသီးမှည့်လောက်တယ်"
ကမ္ဘာဗိုလ် လက်ညှိုးထားပြသည့်ကတ္တီပါအသီးက မာန်သမိုင်း လက်ကမ်းလို့မရသည့်
အမြင့်မှာရှိနေသည်။ ခုန်ပြီးခူးလိုက်ရင်
ရလောက်သည်မလို့ ခြေထောက်နှစ်ချောင်းကို မြေပြင်အားပြုကာ
အသီးဆီလက်လှမ်း၍ ခုန်လိုက်သည်။
ခုန်ခူးမှလက်ထဲပါလာသည့်အသီးကိုအမိအရကိုင်ကာ ခူးလိုက်နိုင်ပေမယ့်.....
YOU ARE READING
ရှင်သန်ခြင်း၏အဓိပ္ပါယ် (S_2) (Completed)
ФэнтезиSemeအလှလေးအဖြစ် ဖန်တီးထားတာပါ Semeအလွေလးအျဖစ္ ဖန္တီးထားတာပါ