"ပါပါး ဟိုလေ"
ဝတ်ထားတာဖရိုဖရဲ သားရဲ့ဆံပင်ကရှုပ်ပွလျှက်
လိမ်တုတ်ကာချည်နှောင်ထားသည်ကို
သူရခန့်ဗိုလ်သတိပြုမိလိုက်သည်။
ကိုယ့်အနားလိုက်ထိုင်သည့်သားခန္ဓာကိုယ်ကနေအရက်နံ့ရလိုက်သည်မလို့ စိတ်ပူသွားမိသည်။
ရိုက်ကွင်းကနေအကုန်သိမ်းပြီးအိမ်ပြန်ရောက်တော့သားကအိမ်မှာရှိမနေပါ။
အချိန်အကြာကြီးနေမှပြန်ရောက်လာသည့်
သားရဲ့ပုံစံကထူးခြားလို့နေ၏။"!ပါပါးကိုပြော ဘာဖြစ်လာတာလဲ"
"ပါပါး...သားနဲ့ကိုကိုအတူနေပြီးသွားပြီ"
"!ဘာ....ဘာပြောတယ်ကမ္ဘာဗိုလ်"
"သားကိုခွင့်လွှတ်ပါပါပါး"
"မိုက်မဲရသလားကမ္ဘာဗိုလ်ရာ
ပါပါးသား အသက်မပြည့်သေးဘူးလေ
ဟိုကောင်စည်းမစောင့်တာလား
!တောက်....အဲကောင်သေပြီသာမှတ်""စိတ်လျှော့ပါပါး....သားပြောတာနားထောင်ပေးပါနော်"
သားရဲ့ပါးပြင်ပေါ်မျက်ရည်စီးကျလျှက်
ဟိုကောင်နဲ့စာရင်းရှင်းဖို့သွားမည့်အလုပ်
သားက ကိုယ့်လက်ကိုဆွဲကိုင်လာသည်။"ငါ့ကိုလွှတ်ကမ္ဘာဗိုလ်....မင်းကိုလွတ်လပ်ခွင့်ပေးထားတာ သူများစော်ကားဖို့မဟုတ်ဘူး"
"သူများမစော်ကားပါဘူးပါပါး
သားကစော်ကားလိုက်တာ""!ဟမ်....ဘယ်လို"
"သားလေ ကိုကို့ကိုဟိုဟာလုပ်ပြီးသွားပြီ"
"ငါနားလည်အောင်ရှင်းပြ ကမ္ဘာဗိုလ်"
"ကိုကို့ဆီကနေယူလိုက်တာသားပါ
ကိုကိုသားဆီကနေယူတာမဟုတ်ဘူး
ကိုကို့ကိုကြူးလွန်မိလို့ ကိုကို့ကိုတာဝန်ယူရမှဖြစ်မှာ သားနဲ့ကိုကို့ကိုလက်ထပ်ဖို့ခွင့်ပြုပေးနော်""အဲ့လိုလား တော်သေးတာပေါ့
ပါပါးကစိတ်ပူမိသွားတာ"သားကိုဘာပြန်ပြောရမှန်းသူရခန့်ဗိုလ်မသိတော့ပါ။ကိုယ့်သားဘာမှမဖြစ်တာကိုဝမ်းသာရမှာလား
ကိုယ့်သားက တစ်ဖက်ကောင်လေးကိုကြူးလွန်လိုက်တာစိတ်မကောင်းဖြစ်ရမှာလားဝေခွဲမရစိတ်တို့နဲ့သာငူငူကြီးထိုင်နေမိတော့သည်။
YOU ARE READING
ရှင်သန်ခြင်း၏အဓိပ္ပါယ် (S_2) (Completed)
FantasySemeအလှလေးအဖြစ် ဖန်တီးထားတာပါ Semeအလွေလးအျဖစ္ ဖန္တီးထားတာပါ