Ep_21(uni)

2K 89 4
                                    

"ဦးလေး ခွင့်တောင်းစရာရှိလို့"

ကုပ္မဏီကနေအိမ်ပြန်ရောက်ရောက်ချင်း
ကိုသိင်္ခနဲ့ကားနဲ့ ကလေးသုံးယောက်ပြန်လာတာတွေ့ရသည်မလို့ သူရခန့်ဗိုလ်သည်
ကိုသိင်္ခကိုအခြေနေမေးကြည့်ရသည်။
ကလေးသုံးယောက်နှင့်အတူ ကမ္ဘာဗိုလ့်ကိုကစားကွင်းလိုက်ပို့တာလို့သိရပြီး
ကမ္ဘာဗိုလ့်ကိုသူ့ကောင်လေးခေါ်သွားတာလို့သိရပြန်သည်။

အချိန်အတော်ကြာမှ မာန်သမိုင်းရဲ့ဆိုင်ကယ်ရပ်သံကြားရပြီး သားနဲ့အတူအိမ်ထဲဝင်လာသည့်မာန်သမိုင်းက ခွင့်တောင်းစရာရှိသည်ဟုဆိုလာသည်။

ကမ္ဘာဗိုလ်သည် ကိုကို့ရဲ့လက်ကိုတွဲ၍
ပါပါးဘေးမှာဝင်ထိုင်လိုက်သည်။
ကလေးသုံးယောက်က မုန့်စားနေကြတာဆိုတော့
အိမ်ကိုကောင်းကောင်းပြန်ရောက်ပြီဟု
စိတ်အေးရသည်။

"တောင်းလေ သားမာန်"

"အသက်ကလေးကို ဟိုလူမပြန်မချင်း
ကျွန်တော့်အိမ်ခေါ်ထားမလို့"

"ဟိုလူကဘယ်သူလဲ"

"ဧည့်သည်အကိုကြီးကိုပြောနေတာ ပါပါး"

"ဘာလို့လဲ သားမာန်"

"အဲလူ အသက်ကလေးအပေါ်မရိုးသားဘူးထင်လို့"

"ပါပါးတော့ မမြင်မိပါဘူး"

"ကိုကိုကအူတိုနေတာပါပါး"

"ဟွန်းနော် အသက်ကလေး
ကိုကို့မှာအသက်ကလေးကိုဥထားရတာ
ဖူးစာဦးရာလူသိလား"

"ကမ္ဘာဗိုလ့်မွေးနေ့က တဘက်ခါလေ
မွေးနေ့ရှင်အိမ်မှာရှိနေရမယ်လို့ ပါပါးထင်တယ်
ဒါမှမဟုတ် သားမာန်လာနေပါ့လားစိတ်မချရင်"

သူရခန့်ဗိုလ်သည် သားမက်ဖြစ်သူရဲ့စိတ်ကိုနားလည်ပေးနိုင်သည်။ဦးထွဋ်ဧည့်သည်က
ဘယ်လိုလူစားမှန်းမသိရဘူးဆိုတော့
သားဖြစ်သူရွေးချယ်ထားသည့်
အိမ်ထောင်ဖက်နဲ့သာသဘောတူပေးချင်သည်။
ကိုယ့်ရဲ့သားစိတ်ဆန္ဒမပါပဲ အတင်းကြပ်ခေါ်ဆောင်ခြင်းခံရပြီးမှဆိုရင် အဖေတစ်ယောက်အနေနဲ့သားဖြစ်သူနာကျင်ခံစားရမှာကိုမကြည့်ရက်ပေ။

"ကျေးဇူး ဦးလေး"

"ရော် ခက်နေပါပြီ ပါပါးသားကိုလက်ထပ်မဲ့
သားမာန်က ပါပါးနဲ့daddyကို
သားမာန်ရဲ့အဖေလို့သဘောမထားသေးဘူးလား"

ရှင်သန်ခြင်း၏အဓိပ္ပါယ် (S_2) (Completed)Where stories live. Discover now