~လက်ထပ်ထိမ်းမြားခြင်း မင်္ဂလာ~
မင်္ဂလာပွဲကိုလာရောက်ချီးမြှင့်ကြသည့်
ဧည့်ခံပွဲလာ ဧည့်သည်တွေမရှိတော့ဘူးဆိုမှ
ကမ္ဘာပိုင်သည် စိတ်ပင်ပန်းကာ ခုံမှာပင်
မလှုပ်ပဲထိုင်နေမိသည်။ဦးဇွဲက
သူ့လူတွေကို သိမ်းစရာရှိတာသိမ်းဖို့
ညွှန်ကြားနေ၏။ဦးဇွဲကို လက်ထပ်ပွဲကျင်းပရအောင်ပြောခဲ့ပြီး
ဘယ်သူ့ကိုမှအသိမပေးပဲ
ကိုယ်တစ်ယောက်တည်း ဦးဇွဲလက်ကို
မြဲမြံနေအောင် ဆုပ်ကိုင်ထားပြီး
မင်္ဂလာပွဲကျင်းပမိသည်။"ငယ် ပြန်ရအောင်"
"ဟုတ် ဦးဇွဲ"
"ပျော်ရဲ့လား ငယ်"
"ကျွန်တော်ချစ်ရတဲ့ဦးဇွဲကို လက်ထပ်ရတာ
မပျော်ပဲနေမလားဗျာ""ကိုယ်တော့မထင်ဘူး ငယ်က
ဘာမှမမေးနဲ့ဆိုလို့သာ လွှတ်ထားတာ
daddy ပါပါး ငယ့်ညီလေး လုံးဝမသိပဲ
မင်္ဂလာပွဲကိုကျင်းပတာ သူတို့ကိုရွဲ့ချင်လို့လားထင်မိတယ် ကိုယ်ပြောတာမှန်လား""ကျွန်တော့်ကိုပိုင်ဆိုင်ရုံနဲ့မလုံလောက်ဖူးလား
ဦးဇွဲ ကျွန်တော်က တစ်ကောင်ကြွက်
ကျွန်တော့်ကမိဘမဲ့ ဒါကိုလက်မခံနိုင်ဘူးဆိုရင်
ရတယ် ခုကျင်းပတဲ့မင်္ဂလာပွဲ
မရှိခဲ့ဘူးလို့သဘောထားရုံပေါ့"ငယ်က တကယ်ကိုအဆိုးလေးလို့
ဇွဲအင်အား ထင်မိသည်။
အိမ်ကိုရောက်လာပြီး ရက်အကြာမှာ
လက်ထပ်ရအောင်ပြောလာပြီး
မင်္ဂလာပွဲကျင်းပခိုင်းလို့သာ ခုလို
မင်္ဂလာပွဲကျင်းပခဲ့ခြင်းဖြစ်သည်။
ကိုယ့်ဘက်က မိသားစုတစ်ချို့ရယ်
ကိုယ့်အသိုင်းဝိုင်းကလူတွေနဲ့သာကျင်းပခဲ့ရပြီး
ငယ့်ဘက်က မိသားစု အသိုင်းဝိုင်းကလူတွေ
တစ်ယောက်မှတတ်ရောက်ခဲ့ခြင်းမရှိသည်က
ငယ်ဘာဖြစ်လာတာလဲ ခန့်မှန်းလို့ရနေသည်။ငယ့်အဖေနှစ်ယောက်နဲ့ပြဿနာတတ်လာခဲ့တာလို့ခန့်မှန်းမိသည်။
ဘာပြဿနာတတ်လာမှန်း
ငယ်ကလုံးဝအသိပေးခြင်းမရှိပေ။မင်္ဂလာပွဲသာ ကျင်းပနေတာ ငယ်က
အသက်မဲ့နေသည့် လူနဲ့မခြား"ပြန်ရအောင် ဦးဇွဲ
ဦးဇွဲသိထားရမှာက ကျွန်တော့်မိသားစုက
ဦးဇွဲတစ်ယောက်တည်း"
YOU ARE READING
ရှင်သန်ခြင်း၏အဓိပ္ပါယ် (S_2) (Completed)
FantasiSemeအလှလေးအဖြစ် ဖန်တီးထားတာပါ Semeအလွေလးအျဖစ္ ဖန္တီးထားတာပါ