Ep_7 (uni)

3.1K 135 8
                                    

ကမ္ဘာဗိုလ်သည် ကိုယ့်ကိုယ်ကိုဘာဖြစ်မှန်းမသိရသည့်အတွက် တစ်ယောက်တည်း အရှက်ကြီးနေရသည်။
အထဲနေအပြင်ကိုမထွက်လို့လဲမရဆိုတော့
တံခါးကိုအသာဟပြီး အပြင်ကအခြေနေကိုကြည့်ရသည်။ပါပါးက စိတ်ပူလျှက် ရပ်စောင့်နေတာတွေ့ရသည်။

"ပါပါး"

"အဆင်ပြေရဲ့လား"

"အာ....မမေးနဲ့နော်ပါပါး သားရှက်လို့"

"ရှက်စရာမလိုဘူး ဒီလိုကိစ္စဆိုတာ"

"ဆက်မပြောပါနဲ့နော်"

"ဟုတ်ပါပြီ ပါပါးသားလေး"

ပါပါးက အခန်းထဲကနေထွက်သွားတော့မှ
ကမ္ဘာဗိုလ်သည် သက်ပြင်းအရှည်ကြီးမှုတ်ထုတ်လိုက်ရသည်။မွေ့ရာပေါ် ပက်လက်အနေအထားအတိုင်း မျက်နှာကြက်ကိုငေးနေစဥ်
ခေါင်းထဲရုတ်တရက်ဝင်လာသည်။
ထိုအခြေနေတုန်းက ကိုကိုကဘာလို့
အာရုံထဲပေါ်လာရတာလဲတွေးမိရင်း
မွေ့ရာထက် လူးလှိမ့်နေမိသည်။

ကိုကို့ကိုချစ်လို့ ပေါ်လာတာများလားကွာ....

"ဗိုလ်"

"ဟုတ် ဦးထွဋ်"

"ရုန်ရုန်းက ဗိုလ်နဲ့စကားပြောချင်လို့တဲ့"

ကမ္ဘာဗိုလ်ရဲ့အခန်းထဲကနေထွက်လာတော့
ဦးထွဋ်က သားကြီးရုန်ရုန်းနဲ့vedio callပြောနေတာကိုတွေ့ရသည်။ဦးထွဋ်ရဲ့ဘေးမှာဝင်ထိုင်ပြီး
ဖုန်းမျက်နှာပြင်ကနေတဆင့်တွေ့ရသည့်
ရုန်ရုန်းကို ပြုံးပြကာနှုတ်ဆက်လိုက်သည်။

*ပါပါး*

"ရုန်ရုန်း စာမေးပွဲပြီးရင်ပြန်လာခဲ့တော့"

*ဟုတ်ပါပါး.....ဟိုလေ ပါပါးကိုအကူညီတောင်းစရာရှိလို့*

"ပါပါးမမေ့ဘူး
မမမေရီကိုနှုတ်ဆက်ဖို့ ခဏနေသွားမှာ"

*ကျေးဇူးတင်ပါတယ် ပါပါးခင်ဗျာ
မေမေ့မွေးနေ့အမှီ
ပြန်လာချင်တာ စာမေးပွဲနီးနေလို့ပြန်မရဘူး*

"ပြန်လာမှ သားရုန်ရုန်းရဲ့မေမေဆီ ပါပါးလိုက်ပို့မယ်ဟုတ်ပြီလား "

*ဒါနဲ့လေ ပါပါး*

"အင်း"

*သား ရည်းစားထားလို့ရမလားဟင်
daddyရောပါပါးကိုရောမေးကြည့်တာပါ*

ရှင်သန်ခြင်း၏အဓိပ္ပါယ် (S_2) (Completed)Where stories live. Discover now