"!ပါပါး ကိုကိုကလေ"
"!ပါးစပ်ပိတ်ထားကမ္ဘာဗိုလ် ဘာအသံမှထွက်
မလာနဲ့"သားရဲ့ကိုကိုဆိုသူကို ကလေးငယ်ထွက်တွေ့တာ
အဆင်ပြေပါ့မလားဟု ထွဋ်ပိုင်ဦးသည်
အိမ်ထဲကနေအခြေနေကိုစောင့်နေလိုက်သည်။
ကလေးငယ်က သားရဲ့လက်ကိုဆွဲထားလျှက်
ဒေါသထွက်နေပြီး အိမ်ထဲဝင်လာကြသည်။"ဒီနေ့ ဒီအချိန်ကစပြီး ဟိုကောင်လေးကိုမေ့လိုက် ပါပါးစကားနားမထောင်ရင်
သားကိုအပြစ်ပေးမှာ ကြားလား""ပါပါးမတရားဘူးdaddy "
"!ဦးထွဋ်ဝင်ပါစရာမလိုဘူး ကြိုပြောထားမယ်"
သားကအားကိုးတကြီးကိုယ့်ကိုကြည့်လာတာဆိုတော့ ကလေးငယ်ကိုစိတ်လျှော့ဖို့ပြောဖို့ကြံ
နေစဥ် ကလေးငယ်ကကိုယ့်ကိုကြည့်ပြီး
သတိပေးလာသည်။"ဗိုလ် စိတ်ကိုအရင်လျှော့ကွာ
ဘာဖြစ်လာကြတာလဲ""အသက်ဆယ်ရှစ်နှစ်မပြည့်သေးဘူး
မိဘကိုလိမ်တယ် ရည်းစားထားချင်တယ်
ဖအေကိုကန့်လန့်တိုက်တယ် !တောက်""ပါပါးကြdaddyနဲ့ယူပြီးတော့
သားက ကိုကို့ကိုချစ်လို့မရဘူးလား""!ဟိုကောင်လေးမိုက်ရိုင်းတာ မင်းမမြင်ဘူးလား
မျက်နှာဘေးကိုကကြည့်လို့မရဘူး""ပါပါးကြည့်လို့ရစရာမလိုပါဘူး ကိုကို့ကိုချစ်တယ် ကိုကိုကလည်းသားကိုချစ်တယ်
အဲ့အတွက် ကိုကို့ကိုကြည့်လို့ရတယ်""!ဖောင်း"
ဘာတွေဖြစ်လာကြတယ်မသိ သားအဖနှစ်ယောက်စကားအခြေတင်ပြောရင်း
ကလေးငယ်က သားရဲ့ပါးကိုရိုက်ချလိုက်သည်။"!ပါပါး သားကိုရိုက်တယ် ပါပါးကိုမုန်းတယ်"
"!မင်းကိုငါမွေးထားတာ သောက်သုံးမကျရင်သတ်ပစ်လိုက်ဖို့ဝန်မလေးဘူးနားလည်လား"
"ပါပါးကိုမုန်းတယ်"
"ငါကွာ ကမ္ဘာဗိုလ်"
"တော်တော့ဗိုလ် မိဘနဲ့သားသမီးကြားမှာ
လက်ပါစရာမလိုဘူး စကားနဲ့ဆုံးမ""!ပါပါးကိုမုန်းတယ် "
သားက အရိုက်ခံလိုက်ရသည့်ပါးကိုလက်နဲ့အုပ်ကိုင်ကာ အနားကနေထွက်သွားသည်။
သားဖြစ်သူနောက်လိုက်ရမလား ကလေးငယ်ကိုနှစ်သိမ့်ရမလား သားဖနှစ်ယောက်ကြားဗြာများနေရသည်။
YOU ARE READING
ရှင်သန်ခြင်း၏အဓိပ္ပါယ် (S_2) (Completed)
FantasySemeအလှလေးအဖြစ် ဖန်တီးထားတာပါ Semeအလွေလးအျဖစ္ ဖန္တီးထားတာပါ