Ep_20 (uni)

2.4K 105 13
                                    

"ဟေ့ကောင် မာန်ကြီး မင်းကွာ
ငါတို့ကိုပလစ်နေတာ"

"သူငယ်ချင်းတွေအိမ်ထဲဝင်လာပြီးရန်တွေ့လာတာမလို့ မာန်သမိုင်းငြိမ်နေရသည်။
သူငယ်ချင်းတွေကိုပလစ်ပြီး အသက်ကလေးနဲ့သာအချိန်ကုန်နေခဲ့သည်ကိုး။
အသီးသီးနေရာလွတ်မှာဝင်ထိုင်ကြသည့်
ဘော်ဒါတွေကို ဆေးလိတ်ဘူးထုတ်၍
ကမ်းပေးလိုက်သည်။အချင်းချင်းမီးတို့လျှက်ရှိုက်ဖွာကြသည်မလို့ စီးကရက်မီးခိုးငွေ့တွေကထောင်းထောင်းထလျှက်ရှိနေသည်။

"မပလစ်ပါဘူးကွာ ငါရည်စားရနေလို့"

"တွေ့သားပဲ facebookမှာRSချိတ်ထားတာ"

"သော်ကြီးကဝင်ထောက်တော့ ပါးစပ်နားရွက်တတ်ချိတ်မတတ်ဖြီးထားမိသည်။
တဆက်တည်း သူငယ်ချင်းတွေကို သူ့တို့အမြင်ဘယ်လိုရှိလဲသိချင်မိသွားသည်။

"ကောင်မလေးက ယောကျာ်းစိတ်ပေါက်နေတာလား လှတာတော့အတော်လှတာ ဟုတ်တယ်မလားငါ့ကောင်တို့"

ဝေကြီးကဝင်ပြောတော့ထပ်၍ပြုံးမိရသည်။
ဒီကောင်တွေအသက်ကလေးကိုမိန်းကလေးထင်ပုံရသည်။ယောကျာ်းလေးတစ်ယောက်ဆိုတာသိပုံမပေါ်ပေ။

"သူ့ကောင်မလေးfacebook accountကလဲကွာ ကိုကို့တွဲလောင်းလေးတဲ့ ဒီကောင်ကြီး
လက်သွက်ပုံရတယ် သူများသမီးလေးကို"

"ငါတို့ငါးယောက်ထဲ ဒီကောင်မိန်းကလေးတွေနဲ့ပတ်သက်ရင် လုံးဝကင်းတဲ့ကောင်ကွာ
ဘယ်လိုဖြစ်ရတာလဲ မာန်ကြီးရ"

ကိုယ့်ကိုဝိုင်းပြီးတစ်ယောက်တစ်ပေါက်မေးရင်းပြောနေကြတာမလို့ဘယ်လိုရှင်းပြရမလဲအသည်းအသန်တွေးရသည်။အသက်ကလေးကယောကျာ်းလေးတစ်ယောက်ဆိုတာပြောပြလိုက်ရင် လက်ခံနိုင်လောက်ကြလားတွေရ၏။

"ဟေ့ကောင်တွေ ငါပြောပြမယ် တစ်ခုတော့ရှိတယ်ငါပြောပြလို့ ငါ့အခြေနေကိုသိရင်
မင်းတို့ငါ့ကိုသူငယ်ချင်းအဖြစ်ကရပ်ချင်ရပ်ကြ
ငါစိတ်မဆိုးဘူး ဘာလို့ဆိုတော့"

"လုပ်ပြီ ဘာမလို့နှစ်ရှည်လများအမြစ်တွယ်နေတဲ့သူငယ်ချင်းသံယောဇဥ်ကိုရပ်ခိုင်းနေရတာလဲ"

"ငါ့အသက်ကလေးက မင်းတို့ထင်သလို
မိန်းကလေးမဟုတ်ဘူး ယောကျာ်းလေး
တစ်ယောက်ကွ"

ရှင်သန်ခြင်း၏အဓိပ္ပါယ် (S_2) (Completed)Where stories live. Discover now