ကမ္ဘာဗိုလ် အိပ်ရာနိုးတော့
ကိုကိုရောက်မလာသေးတာကြောင့်
လန်းဆန်းစေရန်ရေချိုးခေါင်းလျှော်လိုက်သည်။
အဝတ်အစားဝတ်ပြီးလို့ ဆံပင်ခြောက်အောင်လေမှုတ်စက်နဲ့မှုတ်ပြီးတဲ့အချိန်အထိ
ကိုကိုပြန်ရောက်လာခြင်းမရှိလို့
အခန်းအပြင်ထွက်ကာ ကိုကို့ဆီလိုက်သွားဖို့
ပြင်လိုက်သည်။အခန်းထဲကထွက်ပြီးပါပါးရဲ့အရိပ်အခြေနေကိုကြည့်ရသေးသည်။ကိုကိုလာမှာပါဆို
လိုက်သွားဖို့ပြင်နေတာသာသိရင်
ပါပါးက အကဲပိုလွန်းသည်လို့ ဆူမှာသေချာသည်။အခန်းထဲကထွက်ပြီးအပြင်ကိုကြည့်ရာ
ဘယ်သူမှမရှိဘူးဆိုတော့ တစ်ချက်ပြုံးလိုက်ရင်းကိုကို့ဆီကိုသွားဖို့ခြေလှမ်းရုံရှိသေး
ကိုယ့်နာမည်ခေါ်လာသည့် အကိုကြီးကြောင့်
လှည့်ကြည့်လိုက်သည်။"ကမ္ဘာဗိုလ်"
"ဟုတ် အကိုကြီး"
"အပြင်သွားမလို့လား"
လက်ထဲဖုန်းကိုင်ထားသည့်ကမ္ဘာဗိုလ်က
အခန်းထဲကနေထွက်လာသည်မလို့
သိင်္ခမေးလိုက်ခြင်းဖြစ်သည်။"သားရဲ့ကိုကို့ဆီသွားမလို့ပါ"
"အကူညီတစ်ခုလောက်တောင်းလို့ရမလား"
"အရေးကြီးလားဗျ....သားရဲ့ကိုကို့ဆီသွားမလို့"
"ကိုယ်ပြန်တော့မလို့လေ မပြန်ခင်
ကမ္ဘာဗိုလ့်ကို မွေးနေ့လက်ဆောင်ဝယ်ပေးချင်လို့
ကမ္ဘာဗိုလ်ဘာကြိုက်လဲ""အာ...သားအတွက်လား နေပါ့စေ"
"ဝယ်ပေးချင်လို့ လိုက်ခဲ့ပါလား
မွေးနေ့မှာ ကိုယ်ကပြန်ပြီလေ
လက်ဆောင်လေးမှမပေးခဲ့ရရင်
အချိန်ကြာတဲ့အထိစိတ်မကောင်းဖြစ်နေရမှာ
ကူညီပါကွာ"ဧည့်သည်အကိုကြီးစကားကြောင့်
ကမ္ဘာဗိုလ်တွေဝေသွားမိသည်။ကိုယ့်တုန်းက
အကူညီတောင်းခဲ့တာ အကိုကြီးကချက်ခြင်း
မြို့တော်ဥယျာဥ်ကိုလိုက်ပို့ပေးခဲ့သည်။
ကိုယ့်အလှည့်ကြ ငြင်းပယ်လိုက်ရင်
အိမ်ရှင်မပီသဘူးဖြစ်တော့မယ်။"အိမ်နဲ့နီးတဲ့ဆိုင်တစ်ခုမှာဝယ်ပေးမယ်လေ"
"တကယ်တော့ သားကမွေးနေ့လက်ဆောင်မယူချင်ပါဘူး ဒါပေမယ့် အကိုကြီးက
သားကိုကူညီပေးထားတာဆိုတော့
လက်ခံလိုက်ပါ့မယ် ခဏနော်
ကိုကို့ဆီဖုန်းဆက်"
YOU ARE READING
ရှင်သန်ခြင်း၏အဓိပ္ပါယ် (S_2) (Completed)
FantasiaSemeအလှလေးအဖြစ် ဖန်တီးထားတာပါ Semeအလွေလးအျဖစ္ ဖန္တီးထားတာပါ