Ep_12 (uni)

2.8K 117 5
                                    

ကမ္ဘပိုင်သည် ကလေးလေးရဲ့ကိုကို့အိမ်ကနေထွက်လာတာနဲ့ ဦးဇွဲကကားတံခါးဖွင့်ပေးကာကြိုပေးနေတာကြောင့် ဦးဇွဲကိုပြုံးပြရင်းအနားသွားလိုက်သည်။

"ငယ် လွမ်းနေခဲ့တာသိလား"

"ကျွန်တော်လည်းလွမ်းတာပေါ့ ဦးဇွဲပြန်တဲ့
နေ့က စာလုပ်ဖို့အာရုံစိုက်မရခဲ့ဘူး"

"ငယ့်ရဲ့ညီကရော"

"ဒါ သူ့ကိုကိုအိမ်လေ"

ဦးဇွဲအမေးကို အနောက်လှည့်ကာညွှန်ပြလိုက်ပြီး အရန်သင့်ဖွင့်ပေးထားသည့်ကားထဲဝင်ထိုင်လိုက်သည်။
ဦးဇွဲက ကားမောင်းသည့်နေရာမှာဝင်ထိုင်ပြီး
ကိုယ့်ကိုခါးပတ် ပတ်ပေးဖို့ပြင်လာသည်။

"နီးနီးလေးသွားရမှာမပတ်တော့ဘူး
ဦးဇွဲလာခေါ်ပေးလို့ကျေးဇူးတင်ရတယ်
အပြန်လမ်းလျှောက်ပြန်မှာမလွယ်ဘူး
ဒီဇင်ဘာလကြီး ပူလိုက်တာလွန်ရော"

"ကုတ်အကျီချွတ်လိုက်ငယ်"

ဦးဇွဲ ကိုယ်နဲ့ပတ်သက်ရင်စည်းကမ်းရှိတယ်ပြောရမည်။ကိုယ့်ခန္ဓာကိုယ်ကို လူမြင်ကွင်းမှာထိတွေ့မှု့မရှိသလို ထိချင်တဲ့အချိန်တိုင်းထိမနေပေ။
ဦးဇွဲဆီကအဖက်ခံရဖို့ အခွင့်အရေးနည်းပါးသည်။လက်ရဲဆက်ရဲနိုင်သူမဟုတ်ဘူးလို့ပြောချင်၏။

"ပူတာနော်"

"အပူထဲကလာလို့ပါ ခဏနေအေးသွားလိမ့်မယ်ငယ်"

"အိမ်မှာဘယ်သူနဲ့တွေ့ခဲ့လဲ ဦးဇွဲ"

"daddy.....ကိုယ့်ကိုအမြင်မကြည်ဘူးနဲ့တူတယ်နော် ငယ်"

"daddyက ပါပါးနဲ့ကျွန်တော်တို့ကလွဲရင်
ကျန်တဲ့သူရှေ့မှာမျက်နှာတည်တယ်
ပါပါးက ရုပ်ရှင်မင်းသားဖြစ်ခဲ့ဘူးတာဆိုတော့
မျက်နှာပြုံးတယ်"

"ငယ့်ပါပါးကိုမတွေ့ခဲ့ရဘူး ငယ့်daddyက
ပန်းခြံထဲထိုင်နေလို့သာ ကိုယ်လာတဲ့အချိန်
တံခါးလာဖွင့်ပေးရင်းတွေ့တာ ငယ်သွားတဲ့နေရာကိုညွှန်ပေးတယ်"

"ဟုတ် ဦးဇွဲ"

အိမ်ရှေ့ရောက်တော့ ဝင်းတံခါးဖွင့်ပေးသူမှာ
ပါပါးဖြစ်နေသည်။

"သားတို့လာကြ"

"ဟုတ်ပါပါး ကလေးလေးကလေ"

"နေခဲ့တယ်ဆိုပါတော့ ကမ္ဘာဗိုလ်ကထိမ်းမနိုင်ဖြစ်နေတာ ရုန်ရုန်း "

ရှင်သန်ခြင်း၏အဓိပ္ပါယ် (S_2) (Completed)Where stories live. Discover now