Ep_25 (uni)

2.2K 97 15
                                    

ကမ္ဘာဗိုလ်သည် ဦးဦးရာသစ်ရှေ့
ထိုင်နေရပေမယ့် စိတ်ကတခြားမှာလွင့်မြောနေမိသည်။ဦးဦးစကားပြောလာမှ
လွင့်မြောနေသည့်စိတ်ကိုစုစည်း၍
ပြောလာမည့်စကားကိုနားဆွင့်နေလိုက်သည်။

"ကလေးရဲ့စိတ်ထဲဘာတွေတွေးနေတာလဲ
ဦးဦးကိုပြောပြလို့ရမလား"

စိတ်လွင့်ပြန်နေပုံရသည့် ကမ္ဘာဗိုလ့်ကို
စကားစပြောလိုက်ရာ ခန္ဓာကိုယ်လေး
တုန်သွားသည်မလို့ ဒီကလေးရဲ့စိတ်
အခြေနေဆိုးတယ်ဆိုတာ
ရာသစ် သိလိုက်သည်။

"သားကိုခေါ်သွားတဲ့လူကြီးကို
မုန်းတယ် ဦးဦး
သူ့ကိုသေအောင်သတ်တာ
မသေမှန်းသိရလို့ သူ့ကိုသတ်ချင်နေတာ"

" ဦးဦးတို့ ကလေးလေးက
သတ္တိရှိနေပါလားကွ"

"သတ္တိရှိတာမဟုတ်ပါဘူး သားကို
အနိုင်လာကျင့်တဲ့လူကြီးကြောင့်
အဲလူကြီးကိုမုန်းနေတဲ့စိတ်တွေကြောင့်
လူသတ်ချင်စိတ်ဖြစ်နေတာ
ဒါပေမယ့် သားကအင်အားနည်းတဲ့လူ "

စိတ်ရောဂါအထူးကုဆရာဝန်ဆိုတော့
ကမ္ဘာဗိုလ့်ကိုကြည့်ရုံနဲ့ ရာသစ်သိလိုက်သည်။
ငယ်ရွယ်သေးတဲ့အချိန် အဖြစ်ဆိုးကြုံခဲ့ရလို့သာစိတ်တည်ငြိမ်မှု့မရှိဖြစ်နေတာ
ပစ်ထားမယ်ဆိုရင် စိတ်ကျန်းမာရေးချို့တဲ့သွားနိုင်သည်။

"ကလေးရဲ့စိတ်ကို
အမုန်းနွံထဲမှာပိတ်ထားမလို့လား"

"အဲလူကြီးကို မုန်းတာထက်ရွံတာ
သတ်ပစ်ချင်တာ"

"ကလေးမှာ ကလေးကိုချစ်တဲ့မိသားစုဝင်တွေရှိတယ်လေ သူ့ကိုသတ်လိုက်ရင်
ထောင်ကျမှာ သိတယ်ဟုတ်"

"သိတယ် ဦးဦး"

"ထောင်ကျရင် ကလေးရဲ့မိသားစုနဲ့ခွဲပြီး
နေနိုင်လို့လား အကြာကြီးခွဲနေရမှာနော်"

ဦးဦးရာသစ်ပြောတာမှန်သည်မလို့
ကမ္ဘာဗိုလ်ငြိမ်သွားမိသည်။

"စိတ်ဆိုတာကလေ ကလေးလေးရဲ့
ဦးဦးပြောပြမယ်"

"ဟုတ်"

"စိတ်ဒဏ်ရာဆိုတာ လူတစ်ယောက်ကြုံတွေ့ခဲ့ရတဲ့အဖြစ်ပျက်ကိုမူတည်ပြီး ဖြစ်လာတာ
ဆင်ခြင်နိုင်စွမ်းရှိတဲ့လူတွေက စိတ်ရဲ့ခံစားချက်နောက်ကိုမလိုက်ဘူး"

ရှင်သန်ခြင်း၏အဓိပ္ပါယ် (S_2) (Completed)Where stories live. Discover now