Ep_31(uni)

3K 82 15
                                    

"ပါပါး နေသာရဲ့လား"

ဆေးရုံမှာ တစ်ပတ်လောက်
နေလိုက်ရတာဆိုတော့ ပါပါးတစ်ယောက်
အိမ်ပြန်ချင်နေမှန်း ရိပ်မိသည်။
ပါပါးက ဆေးရုံကုတင်ပေါ်
ထိုင်နိုင်နေပြီဆိုတော့ ပါပါးရဲ့ဘေးမှာ
ထိုင်ရင်း မေးလိုက်သည်။

"သက်သာနေပြီ သားရာ
ပါပါး အိမ်ပြန်ချင်ပြီ ကမ္ဘာဗိုလ်"

"daddyက ပါပါးရဲ့ ဒဏ်ရာအရှင်း
ပျောက်မှ အိမ်ပြန်မယ်ပြောနေတာ"

"ပါပါးနဲ့သားပဲ အခန်းထဲပိတ်မိနေတာ
ပါပါးတို့ ခိုးပြန်ကြမလား"

ခိုးပြန်ကြမလား အပြောမှာ
မျက်လုံးအရောင်တောက်လာလျှက်
တတ်ကြွနေသည့် သားဖြစ်သူကိုကြည့်ပြီး
ရယ်ချင်နေမိသည်။
ငယ်စဥ်ကတည်းက မိသားစုတင်မက
အမျိုးတွေရော ဦးထွဋ်ရဲ့ဂိုဏ်းသားတွေရော
အဖိုးတွေရော ကမ္ဘာဗိုလ့်ကို
မျက်စိဒေါက်ထောက်ကြည့်ပြီး
အိမ်ထဲမှာနေ အပြင်မထွက်စေဘူးဆိုတော့
အပြင်ခိုးထွက်ဖို့ဆို တတ်ကြွနေတာ
မထူးဆန်းတော့ပေ။

"ကောင်းပါ့မလား ပါပါး"

"ဖေဖေ့ဆီသွားနေမယ် ဦးထွဋ်
လာခေါ်လည်း ပြန်မလိုက်ဘူး"

"daddyလူတွေကို ဘယ်လို
ရှောင်ထွက်ကြမလဲ "

"ပါပါး စီစဥ်မယ် မပူနဲ့"

သားအဖနှစ်ယောက် မဟုတ်တာ
လုပ်ကြမည်ဆိုရာ
အတိုက်ဖောက်ညီနေကြသည်။
ပါပါးက အဝတ်အစားလဲ၍
ဖုန်းနဲ့ပိုက်ဆံအိတ်လေးသာ ယူခဲ့ပြီး
အခန်းထဲကနေ တိတ်တိတ်လေး
လစ်ထွက်ခဲ့ကြသည်။ပစ္စည်းတွေကိုတော့
daddyနဲ့ကိုကိုရုန်းလာမှ ယူခဲ့ကြပေါ့ဟု
ပါပါးက ပြောလေ၏။

အခန်းအပြင်မှာdaddyထား
ပေးထားသည့် လူနှစ်ယောက်ရှိသည်။
အခန်းအပြင်ထွက်တာနဲ့ တန်းမေးလာ၏။

"အကိုလေး ဘယ်လဲ ခင်ဗျ"

"ဆေးစစ်ကြည့်ဖို့ လာခဲ့ပါပြောလို့
သွားမလို့"

"ကျွန်တော်တို့လိုက်ခဲ့မယ်"

"ငါ့သားပါတယ် မင်းတို့နေခဲ့ကြ"

"အကိုကြီးက"

"ငါ့ကို ဘယ်သူမှအန္တရာယ်လာမပြုဘူး
စိတ်ချ ပူမနေနဲ့ မင်းတို့အကိုကြီးက
အလကားအလုပ်ရှုပ်အောင်
မင်းတို့ကိုစောင့်ခိုင်းတာ ခဏကြာမှာ နေခဲ့"

ရှင်သန်ခြင်း၏အဓိပ္ပါယ် (S_2) (Completed)Where stories live. Discover now