"ဖြန်း................."
" ဟဲ့အကောင်....... နင်ကိုအိမ်မှာထားတာအလားကား သေနေဖို့ဘဲမဟုတ်ဘူးဟဲ"
မနက်မိုးမလင်းသေးဘူးကျွန်တော်ပါးချခံလိုက်ရပြီ ၄နာရီခွဲဆိုတဲ့အချိန်က သူများအတွက်တော့စောသေးပေမဲ့ကျွန်တော်အတွက်တော့ နောက်ကျနေပြီ မိဘတွေကကျွန်တော်အသက်၅နှစ်သားအရွယ်မှာဆုံးသွားကျတော့ ရွှေမျိုးဆိုလို့ဒေါ်လေး ဘဲကျန်ခဲ့တော့ သူကလည်းတစ်ယောက်ဆိုတော့ကျွန်တော်နဲ့လာနေရှာပါတယ် အစကတော့ကောင်းပေမဲ့ ၂နှစ်လောက်အကြာမှာ ဒေါ်လေး ရဲ့ဇာတိပြလာခဲ့တယ် ညတိုင်းလိုလို ဖဲဝိုင်းမှာ ကျွန်တော့်မိဘထားခဲ့တဲ့ ငွေတွေနဲ့အချိန်ကုန်ခဲ့တယ် စီးပွားရေးလည်း သေသေချာချာမလုပ် ခုဆိုအကြွေးတွေတော်တော်ပိနေပြီ ညကလည်းရှူံးလာတယ်ထင်ပါတယ် မနက်မိုးမလင်းသေးဘူး စောစောစီးစီး ပါးချတာခံပြီ
ကျွန်တော်ဒေါ်လေး လက်အောက်ကရုန်းထွက်ချင်မိတယ်......." ဟဲ့ အကောင် နေလင်းဆက် ငါပြောတာကြားလား သွားအိမ်အလုပ်တွေအကုန်သေချာလုပ် နင်အလုပ်မသွားခင်အကုန်ပြီးအောင်လုပ်ခဲ့ ထမင်းကော ဟင်းကော အကုန်ချက်ခဲ့ ငါမနက်စောစောဝိုင်းရှိလို့သွားလိုက်အုန်းမယ် အချောင်ခိုဖို့မစဉ်းစားနဲ့ အကုန်လုပ်ခဲ့ ကြားလား အကောင် "
" ဟုတ် ဒေါ်လေး ကျွန်တော်သေချာလုပ်လိုက်ပါမယ် "
ကျွန်တော်ပြောတာတောင်ပြန်မပြောဘဲ အိမ်ကထွက်သွားပြီလေ ဟူး.......သက်ပြင်းတစ်ချက်ချခါ အိပ်ယာထပြီး လုပ်စရာရှိတာလုပ်ဖို့ပြင်ရသည်
ကျွန်တော့်နာမည်က နေလင်းဆက် အသက်က ၁၈နှစ် ၉တန်းနဲ့ကျောင်းထွက်ရတယ် မနက်၇နာရီမထိုးခင်အိမ်အလုပ်လုပ်ပြီး ဈေးထဲက ကုန်စုံဆိုင် မှာအလုပ်လုပ်ရတယ် ညနေ၃နာရီခွဲဆိုပြန်ရတယ် တစ်နေ့ကို ၅၀၀၀ရတယ် ဒေါ်လေး ကအကုန်သိမ်းတာပါ သူ့လက်အောက်မှာနေတော့ သူစကားနားထောင်ရမှာပေါ့ ဒါကတော့ကျွန်တော့်အကြောင်းအကုန်ဘဲ........
" မိဝိုင်း နင့်ရဲ့ဖဲကြွေးကတော်တော်များနေပြီနော်........မဆပ်နိုင်ရင်နင့်အိမ်ကိုငါသိမ်းရတော့မယ် အချင်းချင်တွေကို ငါမိတ်မပျက်ချင်ဘူးနော် "