အပိုင်း (၂၈ ဇာတ်သိမ်းပိုင်း)

2.5K 70 8
                                    


" သားငယ်ရေ သားငယ် "

" ဗျာ ဒေါ်ဒေါ်  "

" ဒေါ်ဒေါ်  အိမ်မှာ နောက်တစ်ပတ်လောက်နေရင် အလှူလုပ်မလို့ကွဲ့ လာတိုင်ပင်တာ သားကိုကိုကြီးရော "

" ကိုကြီးက ရွာထဲခနသွားတယ်ဒေါ်ဒေါ် "

" အမလေး အခေါ်အဝေါ်တွေပြောင်းလို့နေပါလားဒီနှစ်ယောက်ရည်းစားတွေဖြစ်နေကြပြီလား "

" ဒေါ်ဒေါ် ကလည်း "

" ဘာလဲမဟုတ်ဘူးလား  "

" ဟုတ်တယ် ကိုကြီး နဲ့ သား မေတ္တာမျှနေကြပါပြီ "

" အခုမှဘဲအကုန်လုံး အဆင်ပြေပြေနဲ့ ဖြစ်သွားပြီ ဒါဆိုအလှူကြရင် ငါ့ရဲ့သားငယ်ကိုပွဲထုတ်လို့ရပြီပေါ့ "

" ဒေါ်ဒေါ် ကလည်း "

ကျွန်တော်နဲ့ ဒေါ်ဒေါ် စကားပြောနေတုန်း အိမ်ကရှေ့ဆိုင်ကယ်သံကြားလို့ ကြည့်လိုက်တော့ ကိုကြီး ပြန်လာပြီ....

" အမဆန်းရောက်နေတာလား "

" ဟုတ်တယ် နောက်အပတ်အိမ်မှာ အလှူလုပ်မလို့ လာတိုင်ပင်တာ ဒါနဲ့ နင်နဲ့သားငယ်ရည်းစားဖြစ်နေကြပြီဆို ငါကိုလျှိုထားတာလား "

" မဟုတ်ပါဘူး အဲ့ဘက်မရောက်ဖြစ်လို့မပြောမိတာပါ "

" အေးပါဟယ် နင်လည်းငါ့သားငယ်ကို အဝတ်အစားဝယ်ပေးလိုက်အုန်း ဒါမှမဟုတ် ရွာထဲက အထည်ဆိုင်ချုပ်မှာချုပ် ငါပြန်ဦးမယ် အလှူမတိုင်ခင် ၁ရက်လောက်အလိုကျရင် အိမ်မှာလာအိပ်ပေးကြအုန်း နှစ်ယောက်လုံးကိုပြောတာ "

" စိတ်ချလာအိပ်မှာ "

" အေးအေ သွားပြီ "

ဒေါ်ဒေါ် ပြန်သွားတော့ အိမ်မှာလုပ်စရာရှိတာလုပ်ဖို့ပြင်လိုက်တယ်....

" ကိုယ်တို့လည်း သွားရအောင် "

" ဟင်ဘယ်ကိုလဲ "

" ရွာထဲကိုလေ အလှူဝတ်ဖို့ အဝတ်သွားချုပ်ကြမယ်လေ "

" ရှိတာဘဲဝတ်ကြမယ်လေ ကိုကြီး အပိုတွေကုန်အောင်လို့ "

" ကိုယ့်ခလေးလေး အတွက်ဆိုကိုယ်ဘယ်လောက်ဘဲကုန်ကုန်ရတယ် လာပါသွားချုပ်ရအောင် "

လက်ပံရွာသားထံသို့ (Completed)حيث تعيش القصص. اكتشف الآن