အပိုင်း (၁၄)

2K 68 9
                                    

ကျွန်တော် ကားမောင်းနေရင်းနောက်ခုံမှထိုင်
နေတဲ့ကောင်လေးကို မကြာ မကြာ မှန်ထဲကနေတဆင့်ကြည့်မိတယ် စကားတော့မဆိုမိပါ

" ကိုထွေး မြတ် ကိုသတိရသေးလားဟင် "

" ငါဘဝမှာ မင်းမရှိတော့တာကြာပြီ ခုတောင်မင်းအဖေကိုအားနာလို့ "

" မြတ် တောင်းပန်ပါတယ် မြတ်မှားမှန်းသိပါပြီ မြတ် တို့အရင်လို ပြန်နေလို့ မရတော့ဘူး လား ဟင် အစကနေပြန်စကြမယ်လေ "

" မဖြစ်နိုင်ဘူး မြတ်မေ မင်းလည်း မင်းဘဝနဲ့မင်း ငါလည်း ငါ့ဘဝနဲ့ ငါ "

" အင်းပါ ကိုထွေး "

ဒီလိုနဲ့ ကားလေးဟာ တိတ်ဆိတ်သွားပြန်တယ်.........

ကိုကိုကြီးရဲ့အရင်ကချစ်သူလား ဘာလို့အခုမှပေါ်လာရတာလဲဟင် ကိုကိုကြီးသာ စိတ်ပြန်ယိုင်သွားရင် ကျွန်တော်ကရောဘာလဲ
ဒီလိုဆိုရင်လည်းကောင်းပါတယ် ကိုကိုကြီး လည်း အေးချမ်းတဲ့မိသားစုလေးရှိမှာ..........
ကျွန်တော်တို့ကအစတည်းကမဖြစ်နိုင်တာကို.........

အချိန်တစ်ခုထိဘဲစောင့်ပေးပါ ကိုယ်မင်းကိုဖွင့်ပြောမှာပါ ကောင်လေး အဆိုးဆုံးအချိန်ထိမင်းကိုယ်ဘဲရွေးချယ်မှာပါ မင်းသာဆက်ပြီးယုံပေးပါ ကိုယ့်ဘက်ကမင်းကိုဆက်ပြီးချစ်နေပေးမှာမလို့.........

ရှင်ဘယ်ခြေလှမ်းလှမ်းနေလဲဆိုတာ ကျွန်မ သိတာပေါ့ ရှင်နဲ့အဲ့ကောင်လေး ကိုကျွန်မ မရရအောင်ခွဲပြမယ် ရှင်က ကျွန်မ အတွက်ဘဲဖြစ်စေရမယ်.............

ကားပေါ်ကလူသုံးယောက်ကတော့ ကိုယ်စီအတွေးတွေနဲ့သာငြိမ်သက်လို့နေတယ်...........

-----------------------------------------------------------

" ကဲ ရောက်ပြီ ဆင်းကြတော့ "

" မြတ်မေ မင်းက ငါ့အခန်းရဲ့ဘေးကအခန်းမှာ ကောင်လေး ဧည့်သည်ကို အထုတ်တွေသယ်ပေးလိုက်အုန်း "

" ဟုတ်ကဲ့ ကိုကိုကြီး "

" အမ လာကျွန်တော် ရှေ့ကလိုက်ပြမယ် "

" အင်း "

ကျွန်တော်လည်း အထုတ်တွေသယ်ပြီးတော့
ရှေ့ကနေဦးဆောင်သွားလိုက်တယ်..........

လက်ပံရွာသားထံသို့ (Completed)Onde histórias criam vida. Descubra agora