ကိုကိုကြီး အိမ်မှာကျွန်တော်နေလာတာ ဘာလိုလိုနဲ့ ၁ လကျော်ကျော် ရှိပြီ အခုနောက်ပိုင်း
ကိုကိုကြီး ကျွန်တော့်အပေါ်ထားတဲ့ စိတ်ကိုရိပ်မိပါတယ် ကိုကိုကြီး အပေါ်ကျွန်တော်လည်းခံစားချက်ရှိပါတယ် ဒါမဲ့ ကျွန်တော်တို့ ဆက်ဆံရေးက အိမ်ရှင် နဲ့ အိမ်အကူ မလား
နောက်ပြီး ယောကျာ်းလေးနှစ်ယောက်လေ မဖြစ်သင့်ဘူးလား ဘာမှမဖြစ်ခင်ရပ်တန့်သင့်တာအကောင်းဆုံးမလား
ကိုကိုကြီး ဘက်ကရှေ့ဆက်တိုးရင်တောင်
ကျွန်တော့်ဘက်က ရပ်တန့်ရမယ် ကျွန်တော်တို့တွေ့ ဒီဘဝတော့ မဖြစ်နိုင်လောက်ဘူး နောင်ဘဝများရှိခဲ့ရင် ကိုကိုကြီးနဲ့ ရေစက်ဆုံချင်ပါသေးတယ်.........." ကောင်လေး ဘာတွေတွေးနေတာလဲ "
" ဘာမှ မဟုတ်ပါဘူး ဟိုတွေး ဒီတွေးပါ ကိုကိုကြီး ထမင်းစားတော့မလား ပြင်လိုက်ရမလား "
" နေအုန်း မပြင်သေးနဲ့ လာခနလာထိုင်ပြောစရာရှိတယ် "
" ဟုတ် "
" ဒီနေ့ ညနေကျရင် သူငယ်ချင်းကောင်မလေး တစ်ယောက်အလည်လာလိမ့်မယ် နှစ်ရက် သုံးရက်လောက် နေဖြစ်မယ်ထင်တယ် အဲ့ဒါ ကိုယ့်အခန်းဘေးက အခန်းကိုပြင်ပေးထား "
" ဟုတ်ကိုကိုကြီး "
ကိုကိုကြီး ပြောတဲ့အတိုင်း အခန်းသန့်ရှင်းရေးလုပ်ပြီး နေရာတကျပြင်ဆင်လိုက်တယ်
" ကိုကိုကြီး ကျွန်တော် နေရာတကျ အကုန်ပြင်ပြီးပြီ ညနေကျ ကိုကိုကြီး သွားကြိုမှာလား "
" ဟုတ်တယ် အမဆန်း ကားကိုခနငှားသွားမှာ
ကဲ ခုတော့ထမင်းပြင်တော့ ဗိုက်ဆာနေပြီ "" ဟုတ်ကဲ့ကိုကိုကြီး "
ဒီနေ့လာမဲ့ သူငယ်ချင်းက အဖေ့သူငယ်ချင်းရဲ့ သမီး ကျောင်းနေဖက် အကြောင်းတစ်ခုခုကြောင့် သူကျောင်းပြောင်းသွားတယ်နောက်ပိုင်း အဆက်အသွယ်ပြတ်သွားခဲ့တယ်
မနေ့ကသူဖုန်းဆက်တော့ ရွာကိုအလည်လာချင်လို့ နင့်အိမ်မှာနေဖို့ စီစဉ်ပေးဆိုတော့ စီစဉ်ပေးရုံပေါ့ မင်းအပေါ်မှာစိတ်ရှိသေးလို့မဟုတ်ဘူး မင်းအဖေကိုအားနာလို့သာ စီစဉ်ပေးတာ